Zawgyi
"ရှောင်းကျန့် မင်းရဲ့သားလေး ဘေးအိမ်ကကလေးနဲ့ရန်ဖြစ်နေလို့တဲ့"
"ဟုတ်ကဲ့ ဒေါ်ကြီး
ကျွန်တော် အခုလာခဲ့ပါ့မယ်"ရှောင်းကျန့် စားသောက်ဆိုင်ကို ဆိုင်မှစားပွဲထိုးလေးနှင့်အပ်ထားခဲ့လိုက်ပြီး အိမ်သို့အမြန်ပြေးလာခဲ့သည်။
အိမ်သို့ရောက်တော့ သားငယ်က အိမ်ရှေ့မှာငုတ်တုတ်လေးထိုင်စောင့်နေသည်။"သား"
"ဖေ.."
ကလေးငယ်က ဂျစ်ကန်ကန်မျက်နှာပေးနှင့်ရှောင်းကျန့်ဆီသို့လျှောက်လာသည်။
"ဘယ်လိုဖြစ်ရတာလဲ သားရယ်"
ကလေးငယ်ကဘာမှပြန်မပြော။
နှုတ်ခမ်းကိုသာတင်းတင်းစေ့ထားသည်။
ထိုအချိန် ဘေးအိမ်ကသားအမိက ရှောင်းကျန့်ဆီသို့ရောက်လာသည်။"အန်းလေးက သားရဲ့ကြောင်ကိုယူသွားလို့ပါ
အဲ့တာကြောင့် သားကပြန်တောင်းတော့အဲ့ကနေရန်ဖြစ်ကြတာ""ဟုတ်လား အန်းလေး
သား သူများကြောင်ကိုယူထားတာလား""ဟုတ်"
"သွား ပြန်သွားယူ
သွားယူပြီး ပိုင်ရှင်ကိုပြန်ပေးလိုက်""...."
"အန်းလေး
သွားယူလို့ပြောနေတယ်လေ"ကလေးငယ်က ထိုအထိတိုင်ပေကပ်ကပ်ရပ်နေတော့ ရှောင်းကျန့်ကျစ်တစ်ချက်သာစုပ်သပ်လိုက်တော့သည်။
"အစ်မ ခဏလေးနော်"
ထိုသို့ခွင့်တောင်းပြီး ရှောင်းကျန့်အိမ်ထဲဝင်ကာ ကြောင်ကိုရှာလိုက်သည်။
အခန်းထောင့်တွင် ကြိုးနှင့်အချည်ခံထားရသောကြောင်လေးကို တွေ့တော့ ရှောင်းကျန့်သက်ပြင်းတစ်ချက်ချပြီး ထိုကြောင်လေးကိုသွားယူလိုက်သည်။
ထို့နောက် အပြင်သို့ပြန်ထွက်လာပြီး ထိုအမျိုးဆီသို့ကြောင်လေးကိုပြန်ပေးလိုက်သည်။"တောင်းပန်ပါတယ် အစ်မ
ကျွန်တော် ကလေးကိုသေချာဆုံးမလိုက်ပါ့မယ်
တောင်းပန်ပါတယ်""မဟုတ်တာ အန်းလေးကလိမ္မာတာအားလုံးအသိပဲကို
ဒါကတော့ ကလေးတွေသဘာဝဖြစ်တတ်တာပဲလေ
ချစ်ဖို့ကောင်းတဲ့အကောင်လေးတွေမြင်တော့ သူတို့လည်းလိုချင်ကြမှာပေါ့"