23

14.2K 1.9K 435
                                    

Zawgyi

မူးနောက်နေသောခေါင်းကိုဖိကိုင်ပြီး ဝမ်ရိပေါ်ကုတင်ပေါ်မှထထိုင်လိုက်သည်။
အရက်ရှိန်ကြောင့် ခန္ဓာကနုန်းနေသဖြင့် ရေချိုးခန်းထဲမသွားနိုင်သေး။
ပြန်လှဲမည်အပြု အခန်းထဲ ရှောင်းကျန့်ဝင်လာသောကြောင့် ထိုအတိုင်းသာထိုင်နေလိုက်တော့သည်။

"နိုးပြီလား ဝမ်"

ရှောင်းကျန့်က ထိုသို့ပြောရင်း ဝမ်ရိပေါ်အနားသို့လျှောက်လာသည်။

"ခေါင်းကိုက်နေမယ်ထင်လို့ ကျွန်တော်သံပုရာရည်သွားဖျော်ထားတာ"

လက်ထဲကိုင်လာသောခွက်ကို ရှောင်းကျန့် ဝမ်ရိပေါ်ဆီသို့ကမ်းတော့ ဝမ်ရိပေါ်ကမယုံနိုင်သလိုကြည့်ကာ တွန့်ဆုတ်ဆုတ် ယူသည်။
အကြည့်များက အိပ်မက်မက်နေသည်ဟုထင်နေသယောင်ရှိသည်။

ရှောင်းကျန့် ကုတင်တစ်ဖက်သို့သွားပြီး စောင်ကိုခေါက်သည်။
ထို့နောက်အိပ်ရာကိုသေသပ်အောင်ပြင်သည်။
ထိုအပြုအမူများကို ဝမ်ရိပေါ်ကမျက်တောင်မခတ်လိုက်ကြည့်သည်။

"ဘာဖြစ်လို့လဲ ဝမ်
အရသာက အဆင်မပြေလို့လား
ကျွန်တော် အသစ်သွားလုပ်လိုက်ရမလား"

"ပြေတယ်"

ဝမ်ရိပေါ် တစ်ခွက်လုံးကိုကုန်အောင်မော့သောက်ပြီး  ရှောင်းကျန့်ကိုကြည့်လိုက်သည်။

"မနေ့ညက ဘယ်အချိန်ပြန်ရောက်လဲ"

"ဟို... "

"ထားလိုက်တော့ ကိုယ်နဲ့အတူရေချိုးမလား"

"ကျွန်တော် ချိုးပြီးသွားပါပြီ"

မျက်ခုံးတစ်ချက်သာပင့်ပြီး ဝမ်ရိပေါ်ရေချိုးခန်းထဲဝင်သွားသည်။
ပြန်ထွက်လာတော့ ရှောင်းကျန့်က အဝတ်အစားများကိုအဆင်သင့်ထုတ်ပေးထားသည်။
အဝတ်ဗလာဖြစ်နေသောခန္ဓာကြောင့် ရှောင်းကျန့်မျက်နှာလွှဲသွားတော့ ဝမ်ရိပေါ်ကအနားတိုးလာကာ မျက်နှာကိုဆွဲမော့သည်။

"ပြောစရာရှိနေတာလား"

"မနေ့ညကဝမ့်ကိုမပြောဘဲအပြင်ထွက်မိတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်
တကယ်တော့... "

"မင်း ငါမသိဘဲခိုးထွက်တာ တစ်ခါနှစ်ခါမှမဟုတ်တော့တာ
ထားလိုက်တော့
မနေ့ညကအကြောင်းထပ်မပြောနဲ့"

Heaven or Hell(COMPLETED)Where stories live. Discover now