12

16.5K 2K 143
                                    

Zawgyi

အခန်းတွင်း ရှိသမျှအရာအားလုံးကိုအထူးအဆန်းသဖွယ်လိုက်ကြည့်ပြီးချိန်မှာတော့  အဒေါ်ကြီးကတော်တော်မောသွားသည်ထင်။
ရေဆာတယ် ဟုပြောလာသောကြောင့် ရှောင်းကျန့် အဒေါ်ကြီးကိုရေတစ်ခွက်ခပ်တိုက်လိုက်သည်။

"ကလေး ငါမင်းနဲ့ဒီမှာနေလို့ရမလား"

အဒေါ်ကြီးက စုတ်ဖွာနေသောဆံပင်ကိုလက်နဲ့သပ်ကာ ရှောင်းကျန့်လက်ကိုကိုင်ပြီးပြောလာသည်။

"ဒါက ကျွန်တော်ပိုင်တဲ့နေရာမဟုတ်ပါဘူး
ဒီအဆောင်တွေက မင်းကြီးပိုင်တာလေ
အဲ့တာကြောင့် ကျွန်တော့်သဘောနဲ့နေခိုင်းလို့မရဘူး
အဒေါ်နေချင်ရင် မင်းကြီးကိုပြောကြည့်ရမယ်ထင်တယ်"

ထိုအဒေါ်ကြီး၏မျက်လုံးများကပြူးကျယ်သွားသည်။

"မင်းကြီး မင်းကြီးလား
ဝမ်ကျွင်းလုံ  လူယုတ်မာ ငါသတ်မယ် အဲ့လူယုတ်မာကိုငါသတ်မယ်"

ကယောင်ကတမ်းအော်ကာ မတ်တပ်ထရပ်ရန်လုပ်နေသော အဒေါ်ကြီးကို ရှောင်းကျန့်လက်ကနေကိုင်ဆွဲထားလိုက်သည်။

"အဒေါ် မင်းကြီးဝမ်ကျွင်းလုံက နတ်ရွာစံသွားပြီလေ
အခုက နိုင်ငံကိုအုပ်ချုပ်နေတာ မင်းကြီးဝမ်ရိပေါ်လေ"

"ရိ ရိပေါ်လား
ရိပေါ်က မင်းကြီးဖြစ်သွားတာလား
ဟုတ်သားပဲ ရိပေါ်ကမင်းကြီးပဲ
အီးဟီး ငါ့ကိုအဲ့အခန်းကိုမပို့နဲ့
ငါအဲ့မှာမနေချင်ဘူး
ငါပျင်းတယ်  အီးဟီး"

ရုတ်တရက်ခြေထောက်တွေကိုဆောင့်ချကာ ထငိုသောဒေါ်ကြီးကြောင့် ရှောင်းကျန့်ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည်။

"အ အဒေါ် မငိုနဲ့လေ"

"ငါ့ကိုပြောပေး
တံခါးပိတ်မထားနဲ့လို့ပြောပေး
အဲ့ထဲမှာမနေချင်ဘူးလို့ အီးဟီး"

"ဟုတ် ဟုတ်ကဲ့ ကျွန်တော်ပြောပေးပါ့မယ်"

ရှောင်းကျန့် ဘာလုပ်ရမှန်းမသိတာနဲ့ ရိပေါ်ပေးလိုက်သည့်သကြားလုံးတွေကိုထုတ်ကာ အဒေါ်ကြီးကိုနှစ်လုံးပေးလိုက်သည်။
သကြားလုံးတွေကိုမြင်တော့ အဒေါ်ကြီးကချက်ချင်းအငိုတိတ်သွားပြီး ရယ်လာသည်။
ထိုအခါမှ ရှောင်းကျန့် သက်ပြင်းချနိုင်သည်။

Heaven or Hell(COMPLETED)Dove le storie prendono vita. Scoprilo ora