21

14.7K 1.8K 299
                                    

Zawgyi

"ကျွန်တော် ဒီမှာမနေချင်ဘူး
ကျွန်တော့်ကို အရင်အဆောင်မှာပြန်ထားပေးပါ"

"မထားနိုင်ဘူး
မင်းဘာထပ်လုပ်မလဲမှမသိနိုင်တာ"

ရှောင်းကျန့် သက်ပြင်းချလိုက်သည်။

"ရိပေါ် ဘေးကင်းနေသရွေ့ ကျွန်တော်ဘာမှထပ်မလုပ်ဘူး"

"မထားနိုင်ဘူးဆိုရင်ရော
မင်း ငါ့မျက်စိရှေ့မှာပဲနေရမယ်"

ရှောင်းကျန့် စိတ်ပျက်သလို ကျစ်တစ်ချက်စုပ်သပ်ပြီး ထောင့်တစ်နေရာမှာသွားထိုင်လိုက်သည်။
ဝမ်ရိပေါ် စိတ်ရှုပ်ထွေးစွာ ရှောင်းကျန့်ကျောပြင်ကိုစိုက်ကြည့်နေသည်။
ထို့နောက် မနေနိုင်စွာ ရှောင်းကျန့်ကိုအနောက်မှသိုင်းဖက်လိုက်သည်။

"ကိုယ့်အနားမှာ နေပေးလို့မရဘူးလား ကျန့်ရာ
ကျန့်တစ်ယောက်လောက်ကတော့ ကိုယ့်အနားမှာရှိနေပေးလို့မရဘူးလား"

"မင်းကြီးအနားမှာ လူတွေမရေတွက်နိုင်လောက်အောင်ရှိတာပဲ"

"သူတို့က ရန်သူတွေ
တစ်ချိန်လုံး ကိုယ့်ကိုဘယ်လိုဆွဲချရင်ကောင်းမလဲ ဘယ်လိုလုပ်ကြံရင်ကောင်းမလဲ တွေးနေတဲ့လူတွေ"

"ကျွန်တော်လည်း မင်းကြီးကိုမလုပ်ကြံဘူးလို့ပြောလို့မရဘူးလေ"

"ကျန့်မှာ အဲ့လိုစိတ်မရှိတာ ကိုယ်သိတယ်"

"ကျွန်တော့်ကို မယုံနဲ့"

"အင်း ချစ်တယ်"

"...."

လှည့်ကြည့်လာတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်ရွှန်းရွှန်းစားစားပြုံးပြတော့ ရှောင်းကျန့်နှုတ်ခမ်းလေးကမသိမသာစူတယ်။

"ဘာမှလည်းမဆိုင်ဘဲ"

"ချစ်လို့ပြောတာလေ မရဘူးလား"

ရှောင်းကျန့် ရှေ့ကိုပြန်လှည့်လိုက်သည်။

"ကျွန်တော် မယ်မယ့်ဆီသွားချင်တယ်"

"အင်း ကိုယ်လိုက်ပို့မယ်"

ရှောင်းကျန့် ဝမ်ရိပေါ်အဆောင်ကိုမပြန်ချင်ဘူးဆိုသည့် အကြောင်းပြချက်ဖြင့် တောင်ဘက်နန်းဆောင်တွင်ညဖက်တွေအထိနေလာသည်။
မနေနိုင်သည့် ဝမ်ရိပေါ်ကသာ ရှောင်းကျန့်ကို အရင်အဆောင်သို့ပြန်ပြောင်းပေးရသည်။

Heaven or Hell(COMPLETED)Where stories live. Discover now