26

14.6K 1.8K 548
                                    

Zawgyi

"အမှန်တရားကိုပြောပြပေးပါ"
"အားနည်းတဲ့ပြည်သူတွေကိုအနိုင်မကျင့်ပါနဲ့"
"ဆရာလေးမှာအပြစ်မရှိတာငါတို့အားလုံးသိတယ်"

လူအုပ်ကြားမှ တစ်ယောက်တစ်ပေါက်ထွက်လာသည့်စကားသံများကြောင့် ဝမ်ရိပေါ်ခေါင်းကိုဖိကိုင်လိုက်ရသည်။

"တကယ်ကြီး လုပ်ချတယ်ပေါ့"

"မင်းကြီး ဒါကိုမြန်မြန်ထိန်းမှဖြစ်ပါမယ်
ဒီသတင်းသာပြန့်သွားရင်.... "

"အင်း ငါသိတယ်"

ဝမ်ရိပေါ်သက်ပြင်းချပြီး လူအုပ်ကြားဆီသို့လျှောက်သွားလိုက်သည်။
ထိုအခါမှအားလုံး၏ပါးစပ်ပေါက်ကပိတ်ပြီး ခေါင်းငုံ့သွားကြသည်။
ရိပေါ်က လူအုပ်ကြားထဲကနေ ရှေ့ကိုထွက်လာကာ ဝမ်ရိပေါ် ကိုစိုက်ကြည့်သည်။

"ဘယ်လိုလဲ မြင့်မြတ်လှတဲ့အရှင်မင်းကြီး
ဒါကိုပါ လျစ်လျူရှုဦးမှာလား
ဒီသတင်းသာပြန့်သွားရင် နိုင်ငံအတွက်လည်းမကောင်းဘူးထင်တယ်"

"အဟက် မင်းကငါ့ကိုပြည်သူတွေနဲ့ချုပ်တယ်ပေါ့"

"ကျွန်တော့်လူကို ကျွန်တော်ပြန်လိုချင်ယုံပါ
ကျွန်တော်လည်းဒီလောက်အထိမလုပ်ချင်ပါဘူး"

"ငါက.."

"ရိပေါ်"

ရှောင်းကျန့်က အနောက်မှပြေးလိုက်လာသောကြောင့် ဝမ်ရိပေါ်ခေါင်းမီးတောက်သွားသည်။

"ကျန့် ဒီလိုမျိုးပြေးလာလို့ဘယ်ဖြစ်မလဲ"

"ရိပေါ်နဲ့ ကျွန်တော်ပြောလိုက်ပါ့မယ်
မင်းကြီး ပြန်သွားလိုက်ပါတော့"

ဝမ်ရိပေါ် ငြင်းဆန်ချင်သော်လည်း ရှောင်းကျန့်၏တောင်းဆိုနေသောမျက်ဝန်းများကို သူမလွန်ဆန်နိုင်။
ကလေးကြောင့်လည်း ရှောင်းကျန့်ကိုစိတ်ထိခိုက်အောင်လုပ်၍မဖြစ်သဖြင့် ဝမ်ရိပေါ်စိတ်လျှော့ကာလှည့်ထွက်လာခဲ့သည်။

"ရိပေါ် လူတွေကိုပြန်ခိုင်းလိုက်ရအောင်
ကောနဲ့ အေးဆေးပြောရအောင်နော်"

"ဟုတ် ကော"

ရိပေါ် လူအများရှိရာသို့ပြန်လှည့်လာပြီး ထိုသူများကိုပြန်ခိုင်းလိုက်သည်။

Heaven or Hell(COMPLETED)Onde histórias criam vida. Descubra agora