Zawgyi
'ကိုယ်လုပ်ထားတဲ့အပြစ်ကိုဝန်ခံပြီး လုယူထားတဲ့အရာကိုအသာတကြည်ပြန်ပေးလိုက်တော့
မဟုတ်ရင် ထိခိုက်မှာကမင်းတန်ဖိုးထားတဲ့အရာတွေပဲ'"တောက်!"
အမည်မသိသူတစ်ယောက်ဆီမှရောက်လာသော စာတစ်စောင်က ဝမ်ရိပေါ်ကိုအကြီးအကျယ်ဒေါသထွက်စေသည်။
အရင်ကလိုသာဆို ထိုအရာလောက်ကိုစိတ်ထဲထည့်မည်မဟုတ်သော်လည်း ယခုတော့ကြောက်စိတ်တစ်ချို့ပင်ဖြစ်ပေါ်နေတော့သည်။ဝမ်ရိပေါ် စာရွက်ကိုလုံးချေလိုက်ပြီး အဆောင်ပြင်သို့ ဒေါသတကြီးထွက်လာခဲ့သည်။
အဆောင်ပတ်ပတ်လည်တွင် ရဲမက်များက တာဝန်အတိုင်း စောင့်ကြပ်နေကြသည်။"ဒီစာစောင်ကိုလာပေးတာဘယ်သူလဲ"
ရဲမက်တစ်ယောက်က အနားသို့တိုးလာကာအရိုအသေပေးသည်။
"လူတစ်ယောက် အဆောင်ရှေ့ကိုမြှားနဲ့လာပြစ်ပေးသွားတာပါ
ချက်ချင်းပျောက်သွားလို့ဘယ်သူမှန်းမသိလိုက်ရပါဘူး""အဲ့မြှားယူလာခဲ့"
ပေးလာသောမြှားကိုကြည့်ပြီး ဝမ်ရိပေါ်၏မျက်ခုံးတန်းတို့ကတွန့်ချိုးသွားသည်။
"ဒါ စစ်ပွဲတွေမှာပဲသုံးတဲ့မြှားမလား
ဘယ်သူကများ.... "ဝမ်ရိပေါ် တစ်ခုခုကိုတွေးမိပြီးမှခေါင်းခါလိုက်သည်။
"ပိုပြီးတင်းတင်းကြပ်ကြပ်စောင်ကြည့်ကြ
အဆောင်နားကို ယင်တစ်ကောင်တောင်လာမကပ်စေနဲ့""အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
"ရှောင်းကျန့်ကိုတပ်မက်တဲ့မျက်လုံးဖောက်ထုတ်ခံရမယ်
ရှောင်းကျန့်ကို ထိခိုက်စေတဲ့လက်အဖြတ်ခံရမယ်
ရှောင်းကျန့်အကြောင်းသွားပုပ်လေလွင့်ပြောတဲ့လျှာ အဖြတ်ခံရမယ်
ရှောင်းကျန့်ကို နာကျင်စေဖို့တစ်ခုခုကြံစည်ခဲ့ရင်တော့
အသေဆိုးနဲ့သေစေရမယ်"ဝမ်ရိပေါ် စိတ်တထင့်ထင့်နှင့်ပင်အဆောင်အတွင်းသို့ပြန်ဝင်လာခဲ့သည်။
အိပ်ကျန်ခဲ့သောရှောင်းကျန့်က ကုတင်ပေါ်တွင်မရှိတော့၍ ဝမ်ရိပေါ်အလန့်တကြားဖြစ်ရပြန်သည်။
![](https://img.wattpad.com/cover/241619860-288-k64129.jpg)