MAL - 26

8K 1K 245
                                    

Unicode

Company နားက အနီးဆုံးစားသောက်ဆိုင် တစ်ခုသို့
ရောက်နေသော်လည်း  Chanyeol မျက်နှာက ကြည်ကြည်လင်လင်မရိှလှပါ ။ 
လက်က နာရီကိုသာ ခဏ ခဏ ငုံ့ကြည့်နေမိပြီး
မျက်ခုံးများပင် အနည်းငယ် စုကုပ်ထားသယောင် ထင်ရ၏ ။

မျက်နှာချင်းဆိုင်  နေရာမှ ယူနာက Menu စာအုပ်ကို
လှန်ကာ ကြည့်နေဆဲမို့ သူအလောတကြီး ပြုမူမိမှာကိုလည်း
အားနာနေရသေးသည် ။
အမှန်တကယ်က  ပြောစရာရိှတဲ့ အကြောင်းအရာကို
မြန်မြန်ပြောပြီး   သူထွက်သွားချင်လှပြီ ဖြစ်သော်ငြား
ယူနာ နဲ့  ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေရှင်းရမယ့်
ကိစ္စတွေကလည်း ရိှသေး၏ ။
ထို့ကြောင့် အတတ်နိုင်ဆုံး သည်းခံကာ
စိတ်ကိုသာ ရှည်ရှည်ထား၍ စောင့်နေလိုက်သည် ။

စားပွဲထိုးလေးက အနားမှာ လာရပ်တော့ ယူနာက
Steak တစ်ပွဲမှာ၏ ။ ထို့နောက်  မပေါ်မလွင် အပြုံးမျိုးလေးဖြင့်
သူ့ဘက်ကို  တစ်ဖန်လှည့်လာပြန်သည် ။

' နင်ရော  ဘာမှာ မလဲ Chanyeol ´

' မမှာတော့ဘူး  ယူနာ 
ငါချိန်းထားတာ ရိှတယ်
ပြောစရာ ရိှတာ မြန်မြန်ပြောပြီး ပြန်ကြတာပေါ့ ´

ယူနာက ကောင်းပြီလေ ဟူသော သဘောမျိုးဖြင့်
ခေါင်းကို ခပ်ဆဆ ငြိမ့်သည် ။
ထို့နောက်  စားပွဲထိုးလေးကို  ပြုံးပြကာ Menu စာအုပ်ကို
လှမ်းပေးလိုက်ပါ၏ ။

' နင်ပြောစရာရိှတယ် ဆိုတာ
မဟုတ်မှလွဲရော  မတော်တဆ ဖြစ်ခဲ့တုန်းက ဟာကို
ရှင်းပြချင်လို့  ....... ´

' Chanyeol  ah ´

သူ့စကားပင် မဆုံးလိုက် ၊ ယူနာသည် ခပ်ဖွဖွလေးပြုံးနေလျှက်သားနှင့်ပင်  မျက်လွှာများကို
အောက်ချထားရင်း   ရေရွတ်လာ၏ ။
ထို့နောက်မှ  ခေါင်းလေးကို အသာစောင်းကာ
Chanyeol  မျက်လုံးတွေကို  တည့်တည့်မော့ကြည့်လာသည် ။
ယူနာ့ပုံစံက  ပြုံးလျှက်ပင်  ဘာမှ အရေးတကြီးကိစ္စမရိှသလို
ပြုမူနေ၏ ။ Chanyeol  ဤသည်ကို မနှစ်မြို့လှပါ ။

' နင်မှတ်မိမလားတော့ မသိဘူး
ငါတို့  စတွဲခဲ့တုန်းကလေ ...
နင်က Popular ဖြစ်တဲ့အထဲပါတော့
အခြားမိန်းကလေးတွေက သိသိသာသာ လာရောကြတယ်
အဲ့တုန်းက နင်ငါ့က်ို မေးခဲ့တာ 
ငါက သဝန်မတိုဘူးလား  ဆိုပြီးလေ ...

Marriage   And   Love  ( Completed ) Where stories live. Discover now