Unicode
' သူ တကယ်ပဲ ဘာတွေလာလုပ်နေတာလဲ
ခုထိ မပြန်သေးဘူးလား ´' မပြောတတ်ဘူး ´
ဖြူလွှသော ဆေးရုံကုတင်ထက်တွင် Baekhyun ရော
Jong in ရော တင်ပျဥ်ခွေ ထိုင်လျှက်ရိှပြီး ခုထိ ဆေးရုံမှ
မပြန်သေးပဲ စားပွဲပေါ်က မုန့်ခွံတွေကို ကောက်သိမ်းလိုက်
အမှိုက်ပုံးထဲ ထည့်လိုက်လုပ်သော တစ်စုံတစ်ယောက်ကို
အကြည့်မလွှဲပဲ တစ်ယောက်နားတစ်ယောက်ကပ်၍
လေသံနှင့် တီးတိုးပြောဆိုနေမိကြ၏ ။မနက်ကတည်းက ဆေးရုံကို ရောက်နေသော Chanyeol
သည် တစ်ခုပြီးတစ်ခု မရိုးရအောင် အလုပ်များလျှက်ရိှပြီး
ညနေ 3 နာရီလောက်မှသာ ရေချိုးမည်ဟု အိမ်ပြန်သည် ။
တစ်နေကုန် နေရခက်နေသော Baekhyun မှာ ထိုအခါမှအသက်ရှူချောင်မည် ပြင်တုန်းရိှသေး ၁ နာရီပင်မကြာ
ပြန်ရောက်ချလာပြီး ယခု 7 နာရီတီးသည့်တိုင် ပြန်မည့်
အရိပ်အချည်မတွေ့ရသေးပေ ။' ခင်များ ညစာ မစားရသေးဘူးမလား ´
ခပ်ဆတ်ဆတ် ထွက်လာသော အသံလေးကြောင့်
Chanyeol လက်ဖဝါး နှစ်ဖက်ကို ခါနေရင်းမှ
လှည့်ကြည့်မိတော့ ကုတင်ပေါ်မှာ ပုံ့နေအောင်
ထိုင်လျှက် သူ့ကို အထူးအဆန်းကြည့်နေကြသော
2 ကောင်သားကို မြင်လိုက်ရ၏ ။' အင်း ... မစားရသေးဘူး ´
' ဒါဆိုလဲ ပြန်တော့လေ
နောက်ကျနေပြီ ´သူပြောလိုက်တဲ့ မစားရသေးဘူး ဟူသောစကားကို
ကြားကြားချင်းပင်မြန်မြန်ဖြတ်၍ ပြောလာသော
ကောင်လေးကြောင့် Chanyeol ခေါင်းအသာကုတ်၍
မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်မိသည် ။
ဘာတွေ ဖြစ်နေတာလဲ ဒီကောင်လေး ။' ငါ .. ဒီမှာ အိပ်မှာလေ ´
' ဘာ ? ´
သူ့စကားက်ို မနှစ်မြို့ဟန် ပေါ်သော ကောင်လေးသည်
ချက်ချင်း မျက်မှောင်ကြီးကြုံ့သွားပြီး
မျက်နှာကို ဘေးဘက် လွှဲချသွား၏ ။
ထို့နောက် ချက်ချင်းဆိုသလိုပင် ခပ်တည်တည်နှင့်
သူ့အား ပြန်မော့ကြည့်လာသည် ။' မလိုဘူး ပြန် ။
ကျွန်တော် တစ်ယောက်တည်း အိပ်နိုင်တယ်
Jong In ကလည်း ညနက်ထိ စောင့်ပေးပြီးမှ
ပြန်တာ ခင်များနေပေးစရာမလိုဘူး ´