MAL - 25

6.8K 828 95
                                    


Unicode

Baekhyun ၏ သူငယ်ချင်းအမည်ခံ မကောင်းစလောင်းများသည်  လူငယ်ပီပီ
သောက်စားပျော်ပါးကြသည်က  ညဥ့်နက်သည့်တိုင်ဖြစ်၍
Chanyeol  ခမျာ ပန်းကန်ဆေး အမှိုက်သိမ်းတာဝန်ကို
အခမဲ့ယူပေးနေရသည် ။

ည 10 နာရီခွဲ  11 နာရီတီးမည့် အချိန်လောက်မှ
အရက်ဒဏ်ကြောင့်ရော  ဆူညံသောင်းကျန်းထားသည့်
ဒဏ်တွေကြောင့်ပါ လုံးဝ Down သွားပြီး
အိမ်ပြန်ရန် ဖင်ကြွကြလေ၏ ။
တစ်ယောက်ပြီးတစ်ယောက် အလျိုလျို ထပြန် ကြသော်လည်း
အမှိုက်လေး အနည်းငယ်မျှ ကူပြီးသိမ်းဆည်းပေးခဲ့ဖို့
စိတ်ကူးတော့  တစ်ယောက်မျှပင် မရိှခဲ့ကြပေ ။
ထို့ကြောင့်  လူကျဲသွားသော အချိန်တွင်
အားလုံးသိမ်းဆည်းရမည့်တာဝန်က Chanyeol ကိုယ်ပေါ်သာ
အလုံးလိုက် အရင်းလိုက် ပိကျလာလေသည် ။

နောက်ဆုံးကျန်ရိှသည့်  ဂျုံအင်နှင့်ရှီဝူး တို့
ပြန်သွားသည့်အချိန်တွင် သူ၏ အမျိုးသားကောင်း
Byun Baekhyun လည်း ခပ်ထွေထွေ ဖြစ်နေချေပြီ ။
သို့သော် Cass 2 ဘူးလောက်သာ သောက်ခွင့်ပေးခဲ့သဖြင့်
လူစိတ်ပျောက်အောင် မူးနေခြင်းမျိုးမဟုတ်ပဲ
လေးတိလေးကန်ဖြင့်သာ  သူ့သူငယ်ချင်းများ ဖွထားခဲ့သော
Tissue စ များနှင့် မုန့်ခွံအချို့တို့ကို  ကောက်သိမ်းရန်
စတင်လေ၏ ။

' ထားလိုက်  ထားလိုက် Baekhyun
ငါလုပ်လိုက်မယ်
ခြေလက်ဆေးပြီး အိပ်တော့ ´

Chanyeol ခမျာ  ပလတ်စတစ်အိတ်စွပ်ထားသော
Mini အမှိုက်ပုံးလေးထဲ  စားပွဲပေါ် ဖွထားသမျှ
အကုန်ကောက်ထည့်သိမ်းနေရင်းမှ အမြန်ချပြီး
အမူးသမားလက်က  မုန့်ခွံတွေကို သွားဆွဲယူရသည် ။

ထို့နောက် ဘယ်က ဘယ်လို ငဂျစ်ခေါင်းပေါ်ရောက်နေမှန်းမသိသော
Tissue စ အမှုန်အမွှားလေးများကိုလေနှင့်မှုတ်ရင်း  လက်နှင့်ခါချကာ ဖယ်ရှားပေးရ၏ ။

' အကုန် သိမ်းဆည်းဆေးကြောပြီးရင်
လာခဲ့မှာမို့ အခန်းထဲ ဝင် အိပ်နှင့်တော့နော် ´

Chanyeol ၏ အသံသည် ကလေးတစ်ယောက်ကို
ချော့မော့နေသလို အသံမျိုးဖြစ်ပြီး အနည်းငယ် ညစ်ပေချင်နေတဲ့
Baekhyun ရဲ့ ပါးလေးတစ်ဖက်ကိုပါ လက်မနှင့် ခပ်ဖွဖွ
ဖိပွတ် ပေးသွားသေးသည် ။
အမှန်တကယ် အိပ်ချင်နေပြီဖြစ်သော Baekhyun ကတော့
ပတ်ဝန်းကျင်ကိုတောင် သိပ်ပြီး အာရုံမရိှတော့ဟန်နှင့်
မျက်တောင်များစင်းကျလျှက်သာ အိပ်ခန်းထဲ လေးပင်ပင်
လျှောက်သွားတော့၏ ။

Marriage   And   Love  ( Completed ) Kde žijí příběhy. Začni objevovat