MAL - 17

5.3K 866 321
                                    

Unicode

Chanyeol နိုးလာသည့်အချိန်တွင် ခေါင်းတွေ
တဆစ်ဆစ်ထိုးကာ ကိုက်နေခဲ့သည် ။
ဝေဝါးချင်နေသော အမြင်အာရုံတွေကို
သေချာပြန်လည် အာရုံစူးစိုက်လိုက်ပြီး မိမိရောက်ရှိနေသော
ပတ်ဝန်းကျင်ကို သေချာ ပြန်ဆန်းစစ်လိုက်တော့
ဖြူဆွတ်နေတဲ့ ဆေးရုံခန်းတစ်ခု ဖြစ်နေကြောင်းသိရိှလိုက်ရ၏ ။

သေတော့ မသေသေးဘူးပဲ ။

အတွေးတစ်ခုနှင့်အတူ  မောလျစွာ သက်ပြင်းဖွဖွ
ချလိုက်ပြီး  ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်လိုက်တော့
သူ့ကုတင်ဘေးထိုင်ခုံပေါ်တွင် ထိုင်လျှက် ငိုက်မြည်းနေသူ
တစ်ဦးကို တွေ့လိုက်ရသည် ။

အာ ... ဟုတ်သားပဲ ။ ယူနာ ..

ထိုအခါမှ သူ့မှတ်ဥာဏ်တွေက ဝေဝေဝါးဝါးနှင့်
သူ့အတွေးထဲပြန်ပေါ်လာခဲ့သည် ။
မီးထဲ ကူရာကယ်ရာ ဖြစ်နေတုန်း အပြေးရောက်ရိှလာခဲ့တဲ့
ခြေသံတစ်ခုနဲ့ အတူ သူကိုယ်တစ်လုံး တွဲခေါ်ခံခဲ့ရသည် ။
အပြင်ဘက်ရောက်၍ အသက်ရှူခွင့်ရသောအခါမှ
သေချာ သတိပြန်ဝင်လာခဲ့ခြင်းတွင် မျက်ရည်များနှင့်
သူ့ကို တတွတ်တွတ် အဆင်ပြေသွားမည်ဖြစ်ကြောင်း
ပြောနေခဲ့သော  ယူနာ၏ မျက်နှာကိုအသေအချာကို
မှတ်မိလာခဲ့ရ၏ ။

သူ့ဘက်က သတ္တိကြောင်ခဲ့သလောက်
ယူနာက ဘာကြောင့်များ  သူ့လိုကောင်အတွက်
အကြောက်အလန့်မရိှ မီးထဲတိုးဝင်လာခဲ့ရတာလဲ ။
မိုက်မဲလိုက်တာ ။

ခုလည်း သူ့ဘေးနားမှတဖဝါးမှ မခွာပဲ
ပင်ပန်းတာတောင် ငိုက်မြည်းခံပြီးထိုင်စောင့်နေဆဲ ဖြစ်တဲ့
ယူနာကိုကြည့်ပြီး  အားနာစိတ်နှင့်အတူ
သက်ပြင်းခပ်ဖွဖွချလိုက်မိသည် ။
ထို့နောက်  ရှေ့သို့ငိုက်ကျနေသော မျက်နှာထက်ကို
ဖရိုဖရဲကျသော ဆံပင်လေးများအား သပ်တင်ပေးရန်
သူလှဲနေရင်းမှ လက်တစ်ဖက်လှမ်းလိုက်၏ ။

ငိုက်တာတောင် စိတ်ဖြောင့်ဖြောင့် မငိုက်နိုင်ပဲ
သတိကပ်နေပုံရသော ယူနာသည်သူ့လက်က ဆံပင်ကို
ထိမိလိုက်သည်နှင့်  ဆတ်ခနဲ နိုးလာခဲ့သည် ။

ထို့နောက် နိုးနေပြီဖြစ်သော သူ့ကိုမြင်လိုက်ရသောအခါ
ရုတ်ချည်းပင် လန့်လန့်ဖြတ်ဖြတ်ဖြစ်သွား၏ ။

Marriage   And   Love  ( Completed ) Where stories live. Discover now