Part - 18 ( Uni + ZG)

5.1K 329 4
                                    

Uni

ကုတင်ပေါ်တွင် တရှူးရှူးအိပ်ပျော်နေသော
ကလေးငယ် ဘယ်ချိန်ကြည့်ကြည့် ဖြူစင်လွန်းသည်။

အခုတော့ ကိုယ် ကိုယ်တိုင် အရောင်ဆိုးမိသွားသည်
သို့သော်...ထိုလူသား၏ အရာအားလုံးကို ပထမဆုံး
ရရှိသူက ကိုယ်ဖြစ်နေတာကြောင့် ဝမ်းသာမိသည်။

အော်..နိုးလာရင် ချော့ရအုံးမည်ပင် ။
အတွေးများ နဲ့ စိတ်ပျံ့လွင့်နေတုန်း
ကုတင်ပေါ်က ချစ်စရာလူသားလေးက
တအင်းအင်းနှင့် နိုးလာလေပြီ....

" ပူတူတူးလေး နိုးပြီလား " ဟုဆိုကာ
ကုတင်နား ဖြည်းဖြည်းလျှောက်ကာသွားတော့

" ခင်များမလာနဲ့ ..ခင်များကို မုန်းတယ် "

" ကိုကိုတောင်းပန်ပါတယ် ပူတူး​လေးရယ်
ကိုကို့ကို ကြိုက်တဲ့အပြစ်ပေးနော် ကိုကိုခံမယ်
မုန်းတယ်လို့တော့မပြောပါနဲ့ကွာ ဒီမှာကြည့် "

" ဘယ်မှာလဲ " ဟုမေးကာ ကျွန်တော်ထောက်ပြနေ
သော ကျွန်တော့ရင်ဘက်သို့ ကြည့်လေသည်

" ဒီနားကလေ အရမ်းနာတာသိလား
ပူတူးလေး မုန်းတယ်ပြောတာတို့ ခင်များ..ခင်များ
လို့ပြောပြီး ရန်တွေ့နေတဲ့အချိန် မချစ်ပဲယူခဲ့တာလို့
ပြောတဲ့ အချိန်တွေဆို အရမ်းနာတာ သိလား "

" ဟွန်း လူလည်ကြီး
ဘယ်လိုလဲ ခံစားတတ်ပြီလား
တခြား ကောင်မကြီးတွေနဲ့ပတ်သတ်ရင်
ကျွန်နော် ဘယ်လိုခံစားရလဲဆိုတာ ခံစားတတ်ပြီလား "

" ခံစားတတ်ပါပြီဗျာ
နောက်ဆို ဘယ်ကောင်မကြီးနဲ့မှ
မပတ်သတ်တော့ပါဘူးဗျ နော်...
ကိုကို့ရဲ့ အချစ်တုန်းလေး "

တတ်လည်းတတ်နိုင်ပါ့ လူလည်ကြီးရယ်
ခင်များနိုင်ပါတယ် ခင်များကသာ ဒီလူသားကို
ပျော်အောင်ထားနိုင်သူဖြစ်သလို ငိုအောင်လုပ်
နိုင်တဲ့ တစ်ဦးတည်းသောသူပါပဲ....

" အာ့!  Shit! နာလိုက်တာ "

အာ...သတိရသွားပြီ
နောက်တစ်ခု ထပ်ချော့ရအုံးမယ်ကွာ
ဟင့် !! ဘုရားကယ်ပါ မားကယ်ပါ.......

" ဟုတ်သားပဲ ဟီး......
ကိုကိုညနေက နည်းနည်း ကြမ်းသွားတယ်
တောင်းပန်ပါတယ်နော် ပူတူးလေးနော် "

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)जहाँ कहानियाँ रहती हैं। अभी खोजें