Part - 4 ( Uni + ZG)

5.4K 410 16
                                    

Uni

အတွဲနှစ်တွဲ လူလေးယောက်ကတော့ ဧည့်ခန်းတွင် စကားစမည်ပြောဆိုနေကြတုန်းပင်

အခန်းတစ်ခန်းအတွင်းတွင် "ပလိုင်းကန်သော့ပီနိ" ဟူသောအသံနှင့်စ၍ စောင်ကိုက်ကာ နှာခေါင်းသွေးလျှံနေသော ကောင်မလေးတစ်ယောက်

သူမ၏ ရှေ့အခန်းတွင်တော့......

" ခင်များ... ဆိုဖာပေါ်အိပ် "

" ဘာ! မအိပ်နိုင်ပါဘူး မင်ကဧည့်သည်ကိုအဲ့လို ဧည့်ဝတ်ကျေတာပေါ့ ဟုတ်လား "

" ခင်များက ကျုပ်ကြိုဆိုတဲ့ဧည့်သည်မှမဟုတ်တာ ဧည့်ဝတ်မကျေနိုင်ပါဘူး ကျေနပ်ရင်အိပ် မကျေနပ်ရင်လဲ ကြမ်းပြင်ပေါ်မှာအိပ် ကျနော်ကတော့ခများနဲ့အတူမအိပ်နိုင်ဘူး "

" ဟတ်လား....ကောင်းပြီလေ "

" ဂျိန်း " ( တံခါးပိတ်သံ)

တံခါးပိတ်ကာ အောက်ကိုပြန်ဆင်းလာသော
ဟိန်းသူရကို အား မိဘများကြည့်နေကြသည်..

" သားကြီး မအိပ်သေးဘူးလား "

" မအိပ်သေးဘူးမား...ဟိုပိစိက သူနဲ့မအိပ်နဲ့တဲ့ ဆိုဖာမှာ အိပ်တဲ့ "

ထိုအခါ ဒေါ်ချမ်းဧကရီ သူသူ့အား ခေါ်၍ ဆူတော့သည် ။ နှုတ်ခမ်းထော်ကာ မကျေနပ်သောမျက်နှာဘေးနှင့် ကြည့်ကာ သူအမြင်ကပ်သော ကျွန်တော်ဖြင့်နောက်ဆုံး တစ်ကုတင်တည်း အိပ်လိုက်ကတော့သည်.....

သူသူ့အားဆူနေချိန် ဒေါ်မိုးမြတ်နှင့် ဟိန်းသူရကို တို့ တီးတိုး စကားပြောတာများကိုတော့ မည်သူမှ မသိလိုက်ချေ....

ဆောင်းဝင်ချိန်မို့ မြောက်လေတဖြူ းဖြူ းတိုက်ကာ နှင်းမှုန်လေးများကလည်း ဝိုးတဝါး ကျနေလေသည်...

ရင်ခွင်ထဲမှ လှုပ်နေသော ကောင်ငယ်ပိစိ လေးကြောင့် ဟိန်းလေး နိုးလာခဲ့လေသည်

' ဘာလေးလဲကွာ.. အသည်းယားစရာလေး ဖျစ်ညှစ်ပစ်ချင်လိုက်တာ '

ဆောင်းလေပြေကြောင့် ချမ်းနေသယောင်ရှိသည့်
ကောင်ငယ်လေးသည် ရင်ခွင်ထဲသို့ ပို၍ တိုးကာ လက်သေးသေးလေးများဖြင့် တင်းကြပ်စွာ ဖက်ထားလေသည်

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)Where stories live. Discover now