Part - 14 ( Uni + ZG)

4.1K 325 2
                                    

Uni

" ကိုကိုရေ ကိုကို့ကြီးရေ....."

 သူသူ မနက် နိုးကတည်းက ကိုကို့ကိုမတွေ့
 မီးဖိုခန်းထဲလည်းမတွေ့ ၍ အလုပ်ခန်းဆီသို့
 ရောက်လာခဲ့သည်.....

အခန်းတံခါးဖြည်းဖြည်းလေး ဖွင့်ပြီးကြည့်တော့
ကိုကို ဖုန်းပြောနေသည်ကိုတွေ့ရသည်
ပြတင်းပေါက်မှာရပ်၍ စကားပြောနေသောကိုကို
ဖုန်းပြောရင်း ဘာတွေသဘောကျ လဲမသိ
ရယ်နေသည်....

ကိုကို့ကိုကြည့်ရင်း သဘောကျနေတုန်း
ကြားလိုက်ရတဲ့ နာမ်မည်က

 " ok မာယာ! " တဲ့ 

" အရမ်း သာယာနေတယ်ပေါ့ " ဟူသောအမေးနဲ့
အတူ သူသူ့လက်ထဲပါသွားသော ဟိန်းလေးရဲ့ဖုန်း

စက္ကန့်ပိုင်းအတွင်း ကြမ်းပြင်ပေါ်သို့
ပြန့်ကြဲသွားသော ဖုန်းအစိတ်အပိုင်းများ

မြန်လွန်းသော ဖြစ်ရပ်​ကြောင် ့
ကြောင်အစွာ ကြည့်နေသောဟိန်းလေး
ယခုအချိန်မှ သတိပြန်ဝင်လာသည်....

" သူ...သူသူ! မင်း....မင်း ဘာလုပ်လိုက်တာလဲ"

အံ့သြ၍ အထစ်ထစ်အငေါ့ငေါ့ဖြင့်
မေးမိလေသည်....

" ရိုက်ခွဲလိုက်တာလေ ဘာလို့လဲ
ခင်များ က စိတ်ဆိုးတာလား "

အဲ့ ဖုန်းထဲမှာပါသွားတဲ့အရာတွေက
အရမ်း အရေးကြီးလွန်းတယ်
ဒေတာ အချက်အလက်တချို့နဲ့
အရေးကြီး ဖုန်းနံပါတ်တွေ ဒါတွေသာ
ပြန်မရရင် ကုမ္ပဏီ ဒေဝါလီ ခံရသည်အထိ
ဖြစ်သွားနိုင်သည် ။

" အေး!  ဆိုးတယ် မင်းတော်တော်တရားလွန်လာပြီ
ငါ့ အပေါ်ကို မင်းဆိုးတယ်  ငါမငြိုငြင်ခဲ့ဘူး
အဲ့လို မငြိုငြင်ခဲ့တာ ငါအရမ်းမှားသွားပြီ ပဲ
သိသွားပြီ မင်းက ကြာလေ ပိုဆိုးလာလေပဲ "

" အော်... ခင်များက ကျွန်တော်ဆိုးတယ်လို့မြင်တယ်
​ပေါ့ အခုလိုလုပ်လို့ ကျွန်တော်က အရမ်းဆိုးတယ်ပေါ့ဟုတ်လား ဦးဟိန်းသူရကို "

" ဟုတ်တယ် မင်းအရမ်းဆိုးတယ်
မဟုတ်သေးဘူး မင်းက ဆိုးတယ်ဆိုတာထက်
အသိဉာဏ်မရှိတော့တာ "

ကျလုဆဲဆဲ မျက်ရည်တို့ကို ထိန်းကာ...

" မဟုတ်မှ ခင်များကျုပ်ကိုစိတ်ဆိုးသွားတာ
ခများဖုန်းကွဲသွားလို့မဟုတ်ပဲ ခများရဲ့
အချစ်ဦးနဲ့ ဖုန်းပြောပြီး ကြည်နူးနေတာကို
ကျုပ် နှောင့်ယှက်မိလို့လား? ? "

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)Where stories live. Discover now