Part - 13 (Uni + ZG)

4.2K 348 1
                                    

Uni

" ကိုကို့ "

ရင်ခွင်ထဲသို့ တိုးကာ ကပ်ချွဲနေသော
ကြောင်ပေါက်လေးကဲ့သို့ လူသားလေးက
နှုတ်ခမ်းလေးထော်ကာခေါ်တော့
ဒီက ယောကျ်ားက ထူးရအုံးမည်ပင်...

" ဗျာ "

" အဲ့ အမကြီးနဲ့ကိုကိုက ဘာတွေလဲ
ရည်းစားဟောင်းတွေလား "

မာယာနဲ့ ကို့အကြောင်းမေးလာသောကောင်လေး
ဘယ်အရာကိုမှမညာချင် အမှန်တိုင်းသာ
ပွင့်ပွင့်လင်းလင်း ပြောပြထားချင်သောကြောင့်...

" အဲ့လိုလဲမဟုတ်ဘူး
ကိုကို အထက်တန်းတုန်းက
သူ့ကိုကြိုက်ဖူးတာ ဒါပေမဲ့

ဖွင့်မပြောခဲ့ဘူး
အထက်တန်းပြီးတော့
သူက နိုင်ငံခြားမှာကျောင်းသွားတက်တာ
ဟိုတလောကမှ ပြန်လာပြီး ကိုကို့ ကုမ္ပဏီ မှာ
ရှယ်ယာ ဝင်ချင်တယ်ဆိုလို့ စီစဉ်ပေးနေတာ "

ငြိမ်ပြီးနားထောင်နေသော
ကောင်လေးထံမှ မေးလာသောစကားက

" ကိုကို သူ့ကို အရမ်းချစ်တာလား "

" ကိုကိုမသိဘူး
အဲ့တုန်းက စိတ်ကစားခဲ့တာနေမှာပါ " လို့ဖြေလိုက်တော့ ထပ်မေးလာတယ်

" ကိုကို သူ့ကို ချစ်နေသေးလား " တဲ့လေ

အော်....ကလေးရယ် သူ့ကိုသာ ချစ်နေသေးရင်
ဒီကလေးလေးကို မရမက ယူထားပါ့အုံးမလား
ကိုကို စိတ်ကစားခဲ့ရုံပါ.....

" ဟင့်အင်း " ဆိုတော့မှ ပြုံးသွားကာ
ရင်ခွင်ထဲ ထပ်တိုးဝင်လာသော ကလေးလေး

" ကိုကို သူနဲ့ မပတ်သတ်နဲ့တော့ "

" ဟင်! သူနဲ့က အလုပ် လုပ်နေတာလေကလေးရဲ့ "

" ကိုကိုပဲ ဘာလုပ်ပေးရ ပေးရဆို
သားအဲ့တာပဲ လိုချင်တာ ကိုကို
သူနဲ့မပတ်သတ်နဲ့ သားမကြိုက်ဘူး "

တဇွတ်ထိုးဆန်သောကလေး
ကလေး ပျော်ဖို့ရာ ကိုကို အကုန်လုပ်ပေးမှာ

သို့ပေမဲ့ သူနဲ့က မပတ်သတ်လို့မရဘူးကလေး
သူ့ Dad က ကုမ္ပဏီ ရဲ့ ရှယ်ယာ % အများဆုံးသူ...

တောင်းပန်ပါတယ် ကိုကို
ကလေးကို မုသားသုံးရတော့မယ်.....

" ဟုတ်ပါပြီဗျာ
ဒီက ပူတူတူးလေး သဘောပါ "

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)Where stories live. Discover now