Part - 6 ( Uni + ZG )

4.8K 382 8
                                    

Uni

" မရောက်သေးဘူးလား "

" ရောက်တော့မှာပါ ပူတူးရဲ့.....
နောက် မိနစ် 20 လောက်ဆိုရောက်ပြီ "

တရားရုံးတက် လက်မှတ်ထိုးပြီး
Yangon ကအိမ်ကို တစ်ခါတည်း ခေါ်လာခဲ့တယ် ။
ပူတူးလေးက ပင်ပန်းသွားတယ်ထင်ပါရဲ့
မျက်လုံးလေးတောင် စင်းလို့ မကြာပါဘူး
အသက်ရှူသံ မှန်မှန်လေးနဲ့အိပ်ပျော်သွားတယ်

လှလိုက်တဲ့ မျက်လုံးလေး
မျက်ခုံးလေးက မထူမပါး
ရှည်လျားပြီးကော့တက်နေတဲ့ မျက်တောင်
အနည်းငယ်ဖောင်းနေတဲ့ပါးလေး
သေးသွယ်တဲ့ခန္ဓာကိုယ်
ကိုယ့်ချိုင်းအောက်အရပ်ကလေး
ရယ်လိုက်ရင် ပေါ်လာတဲ့အစွယ်လေးနှစ်ချောင်း

ဒီလိုကောင်ငယ်လေးကို မြင်မြင်ချင်း
ချစ်မိသွားတာ ကျွန်တော်လွန်လားဗျာ ....

ချစ်စရာကောင်းအောင်အိပ်နေသော
ကောင်ငယ်လေးအလှကို တစ်စိတ်ချင်း
ကြည့်ကာ အမွှန်းတင်ရင်း No.26 ဟုကပ်ထားသော
ခြံထဲသို့ဝင်ခဲ့သည်.....

" ပူတူး ပူတူးလေး "

" ဟင်"

" အိမ်ရောက်ပြီ ကလေးရဲ့
လာ ကိုကိုချီမယ် ဖက်ထား "

" အမေ့!"

ရုတ်တရက်မလိုက်တော့
လန့်သွားတဲ့ အိပ်ချင်မူးတူးကောင်လေးက
မျက်လုံးလေးပြူးလာတယ်

" ဟင် ကို..ကို..ကိုကို "

ခများလို့ မသုံးရဲတော့ဘူး
ဒီနေ့တင် အခေါက် ခံရတာနှစ်ခါ
ဗိုက်လိမ်ဆွဲ ခံရတာ သုံးခါ
ဒီလောက်ဆို ကျွန်တော်အမှတ်ရှိသင့်ပြီမဟုတ်လား

" ဗျာ.... "

" အောက်ချပေး ကျွန်တော့်ပါကျွန်တော်
လမ်းလျှောက်မယ် ချပေးတော့ "

" ရပါတယ် ပူတူးလေးရဲ့
ကား 2 နာရီတောင်စီးလာရတော့
ပင်ပန်းနေမှာပေါ့ ကိုကို ချီပါ့မယ် "

ဘယ်လို လူကြီးပါလိမ့် လူကိုရွဲ့နေသလား
ထင်မိတယ် ကိုယ်ကအိပ်လိုက်လာသူ
သူက ကားမောင်းသူ ဒါတောင် ကိုယ့်ကိုချီချင်သေး

' သူငါ့ကို ငြိုငြင်ပြီး ရွဲ့ပြောတာတော့မဟုတ်
လောက်ပါဘူးနော် '

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)Där berättelser lever. Upptäck nu