Part - 12 (Uni + ZG)

4.3K 352 4
                                    

Uni

"ကိုကို တောင်းပန်ပါတယ်
အထင်မလွဲပါနဲ့ ပူတူးရယ်" ဆိုသောစကားကိုသာ
ထပ်ခါထပ်ခါ ရေရွတ်မိရင်း အိမ်သို့ ပြန်ရောက်ရန်
သာ အာရုံထားနေမိသည်........

ခြံထဲ ရောက်သည်နှင့် ခေါ်လာသော နာမ်စားလေး

" ပူတူး ပူတူးလေးရေ "

"....." ဘာသံမှ မကြားရသောအခါ

အိမ် အောက်ထပ် အပေါ်ထပ်
အခန်းအစုံ မီးဖိုခန်း အစုံအစိ ရှာသော်လည်း
အရိပ်အယောင်ပင်မတွေ့ရ

ဆို့တက်လာသော စိတ်များ
ဝဲတက်လာသော မျက်ရည်
ပါးပြင်ပေါ်မကျပေမဲ့ ရင်ဘက်ထဲတွင်
ဘယ်လောက်တောင် ငိုနေတယ်ဆိုတာ
ကိုယ် ကိုယ်တိုင်သာ သိလေသည် ။

အိမ်ထဲမတွေ့၍ ခြံထဲသို့ ပြန်ထွက်လာခဲ့သည်
စိတ်ထဲရှုပ်ထွေးစွာ လှမ်းသောခြေလှမ်းများက
ပြာလဲ့နေသော ရေကန်ဆီသို့ ဦးတည်နေသည်...

အချိန်ကြည့်တော့ ညနေ 3 နာရီခွဲပြီ
နေ့ခင်း 12 ခွဲကတည်းက ဖြစ်သွားသောပြဿ      နာ
ထွက်ပြေးသွားသောကောင်ပေါက်လေး

မင်းဘယ်မှာလဲကွာ.......
စိတ်ထဲတွင်အော်မေးရင်း
နားထဲသို့ ဝင်လာသော ရှိုက်သံသဲ့သဲ့လေး

အသံလာရာဘက် တိတ်တ်ိတ်လေး
ရှာနေမိခဲ့တယ်........

တွေ့ပါပြီ ပန်းရုံဘေးမှာ
လူတစ်ရပ်စာအနည်းငယ်ကျော်တဲ့
ဆွယ်​တော်ပင်ကလေးကိုမှီကာ
ခွေခွေလေး အိပ်ပျော်နေသောကလေးငယ်

ရင်ခွင်ထဲက ဂျစ်ကလည်း ငြိမ်လို့
ပါးပြင်ပေါ်မှာ ကျနေဆဲမျက်ရည်စတွေ....

နာကျင်လာသော ဝဲဘက်ရင်အုံ
ငိုနေရင်း မော၍ အိပ်ပျော်သွားဟန်ရှိသည်...

အိပ်မောကျနေတဲ့
အကောင်ပေါက်ကလေးက ရှိုက်နေဆဲပင် ...

*ဘယ်လောက်တောင်
ငိုထားသလဲ ကလေးငယ်ရယ် * အကောင်ပေါက်လေးနား
ဖြည်းညင်းစွာသွားလိုက်ပြီး ဒူးထောက်ထိုင်ကာတိုးတိုးလေးရေရွတ်လိုက်သည်။

//////////////////////////////////////

ညနေ 5 နာရီ ______

" ဟင့်....ဟင့်... !"

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)Where stories live. Discover now