Part - 10 ( Uni + ZG )

4.7K 350 9
                                    

Uni

သူသူတို့ကတော့ လင်ရကံကောင်းချက်
ဟင်းချက်တတ်တဲ့ ယောကျ်ားကိုရထားတော့
အေးဆေးပဲ ဟဲဟဲ........

အဝတ်လည်း လျှော်စရာမလို ဟင်းချက်စရာမလို
ဘာမှကို လုပ်စရာမလိုပဲ စားလိုက် အိပ်လိုက်လုပ်
နေရတယ်  အရင်လို စွာကျယ်စွာကျယ်တော့
မလုပ်ရဘူးပေါ့နော် "ကိုကို " ဆိုပြီးခေါ်လိုက်ရုံနဲ့
လိုချင်တာအကုန်ဖြစ် အကုန်ရ

စစတွေ့တုန်းက စွာခဲ့တာတွေတောင်
ပြန်အားနာမိတယ်.. ဟီးဟီး

 အတွေးများစွာဖြင့် ရောက်ကတည်းက
မတွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင်ကို ကြည့်ဖို့
ခြံထဲ ထွက်လာခဲ့တယ်......

ကျွန်တော့် ယောကျ်ားကတော့
ညစာချက်နေတယ်

" နှင်းဆီ သစ်ခွ တရုတ်နှင်းဆီ ရေကူးကန်ကြီးကော
  သန့်စင်တဲ့လေလေး ရှူ ရှိူက်လို့ ကောင်းလိုက်တာ."

သဘာဝကျတဲ့ အလှအပကိုခံစားနေတုန်း
အနောက်ကခေါ်တဲ့အသံ....

" ပူတူးရေ "

" ဟင်.. ကိုကို့ "

" ဘာတွေလုပ်နေတာလဲ ကလေးလေးရဲ့ "

" ဟီး.... အလှအပခံစားနေတာ "

" ....."

" ဒါနဲ့ နှင်းဆီတွေက ကိုကိုစိုက်ထားတာလား "

" မဟုတ်ဘူး မေမေစိုက်ထားတာ
မေမေက နှင်းဆီနီ ကြိုက်တယ်လေ "

" သစ်ခွကကော ?"

" ညီမလေး စိုက်ထားတာ "

" တရုတ်နှင်းဆီလေးတွေက
ကိုကို့ ဖေဖေစိုက်တာမလား "

" ဟုတ်ပါ့ "

" ကိုကိုစိုက်တာဘာရှိလဲ "

" ဟင့်အင်း ဒါပေမဲ့
ဒီလို ချစ်စရာ ကလေးလေးကို
ဒီအိမ်ကို ခေါ်ဆောင်ခဲ့တာကိုကိုလေ "

" ဟင်! "

" ဟုတ်တယ်လေ ကလေးလေးက
ဒီခြံ နဲ့ အိမ်ထဲမှာ ရှိတဲ့အရာတွေထက်လှတယ်
ချစ်စရာကောင်းတယ် မြတ်နိုးစရာကောင်းတယ်
ကိုကို အနှစ်သက်ဆုံးအရာပဲ "

" ဟာ...ကိုကိုကလည်း "

ရင်တွေခုန်လိုက်တာ....... ပေါက်ထွက်တော့မယ်
မေမေရေ မေမေ့သားမက် သားယောကျ်ားက
သားကို မတရားတွေခြွေနေပြီ

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)Where stories live. Discover now