Part - 14 ( Uni + ZG)

Start from the beginning
                                    

" မင်း...မင်း ငါ့သိက္ခာကို မစော်ကားနဲ့"

မာထန်နေသောလေသံ
သူဒေါသထွက်နေတာက အမှန်ပင်ကြောက်
စရာကောင်းသည် သို့သော် .....
သူ့ဒေါသထွက်တာထက် သူထားခဲ့မှာကို
ကျွန်တော် ပိုကြောက်မိသည်

" ကျွန်တော် စော်ကားနေတာမဟုတ်ဘူး
 ခင်များကသာ ကတိကို ဖောက်ဖျက်တာ "

" အေး ဟုတ်တယ် ငါဝန်ခံတယ်
ငါကတိဖောက်ဖျက်တယ် မင်းသိလား
သူက ဘယ်လောက်တောင်
အရေးကြီးတဲ့သူလဲဆိုတာ "

" ခင်များအတွက် သူက ကျွန်တော့်ထက်
ပို အရေးကြီး လား ? ? "

ဟင့်အင်း ကလေးငယ်
မင်းထက် ဘယ်အရာမှ အရေးမကြီးဘူး
သို့သော် ပါးစပ်က ထွက်သွားသည်က....

" အင်း ကိုယ့်အတွက်တင်မကဘူး
ကုမ္ပဏီ အတွက်လည်း အရေးကြီးတယ် "

နာကျင်သည် အရင်က ခုန်ပေါက်နေတတ်သော
ဒီရင်ဘက်က အခုတော့ အပ်ပေါင်းများစွာ
ထိုးနေသကဲ့သို့ နာကျင်လွန်းသည်....

အရင်က လေပြည်တွေသာ တိုက်ခတ်သော
ဒီရင်ထဲက အခုတော့ မုန်တိုင်းကြီး တိုက်ခတ်နေပြီ..

အချိန် ခဏမျှ တိတ်ဆိတ်သွားပြီး.....

" ကျွန်တော်တောင်းပန်ပါတယ်
 ခင်မျ ားအပေါ် အရမ်းဆိုးခဲ့မိလို့
 ပြီးတော့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စဝင်ပါမိလို့

 ကျွန်တော်နဲ့ စာချုပ်အရသာ သက်ဆိုင်ပြီး
 တစ်ယောက်နဲ့တစ်ယောက် မချစ်ပဲ ပေါင်းသင်း
 နေထိုင်နေရတယ်ဆိုတဲ့ အချက်ကိုမေ့သွားပြီး

 အခုလို အရာရာ လိုက်ချုပ်ချယ်နေမိလို့
 ကျွန်တော်တောင်းပန်ပါတယ် "

 * မချစ်ပဲ လက်ထပ်ခဲ့ကြတယ် *
ဒီစကားကိုကြားတိုင်း အမြဲ နာကျင်နေရတယ်
လုပ်ရပ်တွေနဲ့ အမြဲသက်သေပြတယ်
သူကတော့ မသိသေးဘူးတဲ့လား.........

လုပ်ဆောင်ခဲ့သူ ကိုယ်ပဲ ညံ့တာလား
မင်းကပဲ ကိုယ့်အချစ်တွေကို မမြင်နိုင်တာလား
ကလေးရယ်...................

" မင်းပြောလို့ ပြီးပြီလား
မင်းထင်ရာလျှောက်ပြောပြီး
ငါ့ဂုဏ်သိက္ခာကို စော်ကားလို့ဝပြီလား  "

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)Where stories live. Discover now