Part - 12 (Uni + ZG)

Comenzar desde el principio
                                    

"ပူတူး   နိုးပြီလား "

မေးသောအသံကြောင့်
မျက်လုံးများ ဖွင့်ကြည့်မိရာ
ဟို မုန်းစရာ လူဆိုးကြီးပင်....

" ကလေးလေး ပူတူတူးလေး  "

"......"

" ကိုကို ခေါ်နေတယ်လေကွာ "

" ပြော " လို့ ပြတ်သားစွာပြောလိုက်တော့
အနားတဖြည်းဖြည်း ကပ်လာတဲ့လူကြီး
မျက်နှာက ညှိုးငယ်နေတယ်

စိတ်မကြည်သေးသော
အကောင်ပေါက်လေးအနားသွားကာ
ကုတင်အောက် ဒူးထောက်ထိုင်ရင်း
သေးသွယ်တဲ့ လက်ကလေးတွေကို
ဆုပ်ကိုင်ကာ ညှင်သာစွာနမ်းရှိုက်လိုက်သည်။

" ကိုကို တောင်းပန်ပါတယ်ကလေးရယ်
အထင်မလွဲပါနဲ့တော့ တောင်းပန်ပါတယ် "

" တောင်းပန်ပါတယ်တဲ့လား
အဟက်....... ရယ်ရတယ်ဗျာ "

ကိုယ်ဆုပ်ကိုင်ထားတဲ့လက်ကို
အတင်း ရုန်းလွှတ်ကာ

" မိန်းမ တစ်ယောက်ရဲ့ ခန္ဓာကို
ယုယု ယယ ကိုင်ထားတဲ့လက်နဲ့
ကျွန်တော့်အသားကိုလာမထိနဲ့
မသတီဘူး "

စကားတွေတတ်လိုက်တာကလေးရယ်
ဒီလူသားရဲ့ နှလုံးသားကို နာကျင်အောင်
ပြောတတ်လိုက်တာ......

" မဟုတ်ပါဘူးပူတူးရယ် ကိုကို ရှင်းပြပါရေစေ "

"တော်ပြီ ကျွန်တော်ပင်ပန်းနေပြီ
အိပ်တော့မယ် ဒါကြောင့်.......
လာမနှောင့်ယှက်ပါနဲ့ "

" ကလေးထင်သလိုမဟုတ်ဘူးလေကွာ
ကိုကိုက သူ.."

ဖြေရှင်းချက် စကားပင်မဆုံးသေး
ထပ်ပြောလာသော ကလေးရဲ့စကားများက
ဓားတစ်စင်းကဲ့သို့ လူကိုသေစေနိုင်သည်

" ကျွန်တော်တို့က ချစ်လို့ယူထားကြတာမှမဟုတ်တာ
ဒါကြောင့်ရှင်းပြဖို့မလိုပါဘူးအချိန်တန်ရင် ကွဲကွာရမဲ့
လူတွေပဲလေ ဒါကြောင့်....တော်ပါတော့ "  တဲ့လေ

ဒီလူသားက မင်းကိုချစ်လွန်းလို့
မရမက ယူထားကတာ မင်းမှမသိပဲ
ကလေးငယ်ရယ်...........

နာကျင်လာသော ရင်အုံကိုဖိကာ
ကလေးငယ် အေးဆေး အိပ်ဖိ ု့ရန်
မနှောင့်ယှက်တော့ပဲ အတွေးများနဲ့
အခန်းထဲမှ ထွက်လာခဲ့သည်......

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)Donde viven las historias. Descúbrelo ahora