Episode 2

779 93 0
                                    

[Unicode]
"အင်း ဟုတ်တယ်........ရှောင်ထွက်လာတာ"​

Jennieဆိုလိုသည်ကိုChaeyoungနားမလည်
ဒါပေမယ့် သူများpersonalဆက်မမေးတော့

"Unnie ညကျ ပုဇွန်ကင်စားမလား ဒီမှာ လတ်လတ်ဆတ်
ဆတ်ကိုကင်စားရင်တအားအရသာရှိတာ......"

"Chaeyoung ကUnnie​ကိုကင်ကျွေးမှာလား"

"ဒါပေါ့ ကင်ကျွေးရမှာပေါ့......"

"ကောင်းပြီး ဒါဆိုညကျ Unnieလာခဲ့မယ်..."

"Nae......."

တစ်ညနေလုံးChaeyoungကJennieကို
ပင်လယ်တစ်လျှောက်လိုက်ပြရင်းကုန်ဆုံးခဲ့တယ်။

×××
"တစ်ညနေလုံး ဘယ်သွားနေတာလဲ"

"ဒီတိုင်းပဲ ဟိုနားဒီနားပေါ့.... "

"ခုနကမင်းဘာအလဲ ဟိုကောင်မလေးရှေ့မှာ
မင်းငါ့ကိုအရှက်ခွဲလိုက်တာလား.."​

"ဒါကတော့ ရှင်ထင်ချင်သလိုထင်ပေါ့ကွယ်......"

"မင်း!!!!!!"

ထိုအမျိုးသားရဲ့ဘယ်ဘက်လက်ဟာ လေပေါ်သို့
အတော်အတန်အားနဲ့မြှောက်တက်သွားတယ်

"ရှင် ကျမကို ထိရဲရင်ထိကြည့်လိုက်လေရှင်"

"​အာ တောက်ခ်"​

သူသေချာသိနေသည်ကJennieကို သူရိုက်လို့
မဖြစ် သူ့ဒေါသအကုန်ကို ဘေးနားက
ပန်းအိုးအပေါ် စုပုံလိုက်သည်။

"ခလွမ်း။"

Jennieကတော့အေးဆေးပင်

အပေါ်ထပ်ကအသံစုံကို Chaeyoung
နားစွင့်နေမိသည်။

Chaeyoungသိလိုက်သည်တစ်ခုက
Jennie Unnieနဲ့Lee Ji Hoonဆိုတဲ့လူက
ချစ်လို့ လက်ထပ်ထားသည်မဟုတ်တာ အသေအခြာပဲ....

ခဏအကြာ ဟိုလူ
ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ကားကိုအရှိန်တင်မောင်းကာ
အပြင်ထွက်သွားတော့သည်။

Chaeyoungလည်းJennieကို
မခေါ်သင့် စဉ်းစားနေတုန်း
Jennieအပေါ်ထပ်ကနေဆင်းလာသည်
လက်ထဲအထုပ်အမဲလေးတစ်ခုနဲ့

"Unnie..."

"ChaeyoungရေUnnieအခန်းက
ပန်းအိုးလေးကွဲသွားတယ် အခန်းခရှင်းရင်
ပေါင်းလျော်ပေးပါမယ်....."

Jejudo's​ Story Where stories live. Discover now