Episode​ 9

952 118 8
                                    

                  [Unicode]​

"Jennie Unnie....
ဘယ်တုန်းကJejuကိုရောက်နေတာလဲ......."​

"အင်း.... တစ်လလောက်ရှိပြီ... Youngieရော...."​

"ကျောင်းပိတ်ထားလို့ခဏပြန်လာတာ....."​

"အော်......"​

နှစ်ယောက်သားကြားမှာပြောစရာစကားတွေပျောက်သွားပြန်ပြီး​ငြိမ်သက်သွားပြန်သည်။

"Unnie... ညကျအချိန်ရလား...."​

"အင်း...ရပါတယ်....ဘာလို့လဲ​Youngie"​

"ဟိုတစ်ခါ​ပုစွန်ကင်ကျွေးမယ်ပြောခဲ့တာမှတ်မိလား
ဒီတစ်ခါ​တော့​ သေချာကင်ကျွေးချင်လို့...."​

"ကောင်းပြီလေ.... Unnieညကျmotelကိုလာခဲ့မယ်"​

Chaeyoung​လည်း​Jennieကိုပြုံးပြပြီး
ထွက်လာခဲ့တယ်။
နှစ်ယောက်ကြားမှာအခြေအနေက​သူစိမ်းဆန်သွား
သလိုခံစားနေရတယ်။ အရင်လိုစကားပြောရတာစိတ်ထဲမပေါ့ပါးတော့ဘူး......

                       ××××

                       8:00 PM

Chaeyoung ရှိရာMotelဆီသို့ Jennie
ရောက်လာခဲ့တယ်။

တံခါးဝမှာရပ်နေတဲ့Chaeyoungကိုတွေ့တော့သူမ
လှမ်းခေါ်လိုက်တယ်။

"Youngie......"​

ခေါ်သံကြောင့်Chaeyoungလည်း Jennieရှိရာ
သို့ပြေးလာခဲ့တယ်။

"Unnie လာတာ​အရမ်းနောက်ကျသွားလား...."​

"ဟင့်အင်မနောက်ကျပါဘူး...... လာအထဲဝင်ရအောင်..."

Chaeyoung​ကJennieလက်ကိုဆွဲပြီး
သူမနေတဲ့အခန်းကိုမဟုတ်ဘဲ​ Motelအနောက်ဘက်က
သစ်တောထဲကိုခေါ်လာခဲ့တယ်။
လျှောက်လာရင်း​ မီးလင်းနေတဲ့သစ်ပင်အိမ်လေးဆီသို့
ရောက်လာခဲ့ကြတယ်။

"ဒါဘယ်နေရာလဲYoungie.....​"

"​Youngieရဲ့လျို့ဝှက်နေရာ.....​"

ပြောပြီးChaeyoungရှေ့ကနေပြေးတက်သွားတယ်
Jennieလည်းလှေကားကနေလိုက်တက်လာရင်း
အိမ်လေးထဲကိုရောက်လာတယ်။
အိမ်လေးထဲမှာ​ မွေ့ယာတစ်ခုရယ်စားပွဲလေးရယ်​
နံရံမှာ ကစားစရာတစ်ချို့.....​
မွေ့ယာဘေးမှာ တံခါးတစ်ခုရှိပြီးဝန်ရံတာသေးသေးလေး
ရှိတယ်.....

Jejudo's​ Story Where stories live. Discover now