Episode 13

922 105 15
                                    

               [Unicode]​

အစကတည်းကမမေးဘဲနေခဲ့သင့်သည်။
အခုသူ့ကဘာမှဖုံးကွယ်စရာမရှိတော့တော့
အိမ်တောင်ပြန်မလာတော့ဘူး။

ဒီတစ်ယောက်ထဲအချိန်အကြာကြီးနေခဲ့ရတဲ့
ခြောက်ကပ်ကပ်
အိမ်​ကြီးက​ Chaeရောက်လာမှ ပျော်ဖို့ကောင်းလာတာ
အခုသူတစ်ရက်လေးမရှိတာ အရာအားလုံးပြန်ခြောက်ကပ်သွားသလိုပဲ။

ငါရှုံးသွားပြန်ပြီ Jennie Kim
အရင်ကနင်ကငါ့ဆီကပဲလုယူသွားပေမယ့်
ဒီတစ်ခါတော့​ နင့်လုယူစရာမလိုအောင်ကို သူကနင့်ဘက်ကိုရောက်နေခဲ့တာ..... ငါကတာထွက်ကတည်းကရှုံးနေခဲ့တာပဲ.....

Jisooရေခဲသေတ္တာထဲကနေ Beerတစ်ဗူးလောက်ထုတ်ကာ
သောက်ရင်း အတွေးထဲလွှင့်မျောဖြစ်ပြန်သည်။

"Beerကခါးလိုက်တာ....."

ပုံမှန်ဆို Jisooကအရက်သောက်တတ်သူမဟုတ်။
ဝိုင်တောင်တစ်ခွက်တစ်လေလောက်ပင်မြည်းစမ်းဖူးသူဖြစ်သည်။

🌊

Chaeyoung​ကျောတွေနာလို့ အရင်နိုးလာပြီး

"အား.....​ကျောတွေနာလိုက်တာ...."

နာရီကိုကြည့်လိုက်တော့မနက်4နာရီခွဲ
ညကနှစ်ယောက်လုံးsofaပေါ်မှာပဲအိပ်ပျော်သွားပြီး
Jennieကသူမပုခုံးပေါ်မှာမှီလျက်အိပ်နေလေသည်။

"ချစ်ဖို့ကောင်းလိုက်တာ Chaeရဲ့ wifeyလေးက...."

Jennieရဲ့နဖူးကိုအသာလေးနမ်းလိုက်ပြီး ဖြေးဖြေးလေးထလာလိုက်တယ်။

-
Jennieလည်းအိပ်ရာကနိုးလာပြီးဘေးကိုစမ်းကြည့်လိုက်တယ်
Chaeyoung​မရှိတော့....

မျက်လုံးဖွင့်ထထိုင်လိုက်ပြီးရှာကြည့်တော့လည်းမတွေ့....

ထလာကာ မီးဖိုချောင်းထဲဝင်ကြည့်လိုက်တော့
ထမင်းစားစားပွဲပေါ်မှာ​ပြင်ထားတဲ့နံနက်စာနဲ့စာတစ်စောင်.....

"Unnie, Chae အိမ်ပြန်သွားပြီနော်
Unnieနိုးလာမှပြန်ရင်ထပ်ဆွဲထားအုံးမှာသိလို့
မနိုးခင်ပြန်လိုက်တယ်။ Chaeကသူများအိမ်မှာအလကားနေတာ
မဟုတ်​ဘူးလေ။ အလုပ်လုပ်ရင်းနေတာ.... အဲ့တာကြောင့်အိမ်မှာအလုပ်လုပ်ရအုံးမယ်.....
မပြောဘဲပြန်သွားလို့စိတ်မဆိုးနဲ့နော်
သိပ်ချစ်တယ်.....
                     Unnieရဲ့ Hubby... mwah "

Jejudo's​ Story जहाँ कहानियाँ रहती हैं। अभी खोजें