"Extra"

1.6K 143 32
                                    

[Unicode]

ပင်လယ်ပြင်ကိုမျက်နှာမူလျက် Jisooတစ်ယောက်
ရပ်နေခဲ့တယ်။

အရာအားလုံးထဲမှာ ငါအတွက်တရားမျှတမှုနည်းနည်းတောင်မရှိခဲ့ဘူးနော်
Chaeng....

ငါ့ခံစားချက်တွေကိုတောင်နင်မသိသွားဘူးလေ
ငါထင်​ခဲ့တယ်​နင်သာငါနဲ့နိုင်ငံခြားကိုလိုက်ဖို့ဆုံးဖြတ်ခဲ့ရင်
နင့်သူကိုစိတ်ကုန်သွားတာမို့လို့ပဲလို့။

ငါ့​အထင်​မှားခဲ့တာ​ပဲ​နင်ငါနဲ့လိုက်ဖို့ဆုံးဖြတ်ခဲ့ပေမယ့်
နင်သူ့ကိုစိတ်မကုန်ဘူး။ နင့်သူ့ကိုစိတ်မနာခဲ့ဘူး။
နောက်ဆုံးအချိန်အထိ...

နင်ဟာတကယ်မကောင်းဘူး​ ငါ့အတွက်အခွင့်အရေးနည်းနည်းလေးတောင်
နင့်ရင်ထဲမှာ ငါအတွက်သူငယ်ချင်းဆိုတာနေရာထက်
နည်းနည်းလေးတောင်ပိုမပေးခဲ့ဘူးနော်။

နင်သူ့ကိုအသက်ပေးပြီးချစ်ပြလိုက်တာ
နောက်ဆုံးအချိန်အထိ​ငါ့တစ်ဘဝလုံးသူ့ကိုရှုံးကြောင်း
ပြလိုက်တာပဲ..... နင်ကတကယ်မကောင်းတဲ့လူ။
အသက်ပေးပြီးချစ်ပြလိုက်ရတာ ပျော်ရဲ့လား
အချစ်သူရဲကောင်းမကြီးရယ်.....

လက်ထဲကလက်စွပ်လေးကို ပင်လယ်​ထဲသို့လွတ်ပစ်လိုက်တယ်။

နင်အတွက်ရည်ရွယ်ခဲ့တဲ့အရာမို့ အခုတော့ပိုင်ရှင်မဲ့သွားတာမို့ သွားပေပေါ့
ဒီဂျယ်ဂျူးပင်လယ်ကြီးရဲ့ အောက်ခြေမှာသာ
အပြီးတိုင်မြုပ်နေပေတော့.....​

Jisooဟာကမ်းစပ်ကိုလျှောက်လာရင်း
ပင်လယ်ပြင်ကိုမျက်နှာမူပြီးရပ်ထားတဲ့Wheelchair လှည့်လိုက်ပြီး Wheelchair ပေါ်ကလူကိုပြောလိုက်တယ်။

"ပြန်ကြ​ရအောင်...."​

Wheelchair ပေါ်က​မိန်းကလေး​ဟာ​ လူကောင်သေးသေး နက်မှောင်တဲ့ဆံသားတွေနဲ့
ပါးဖောင်းဖောင်းလေးတွေနဲ့နှုတ်ခမ်းအတွင်းသားနီနီရဲရဲ
ပြီးတော့​မျက်ခွံပေါ်မှာမှဲနက်လေးရှိခဲ့တယ်။
ပါးဖောင်းဖောင်းလေးတွေနဲ့နှုတ်ခမ်းအတွင်းသားနီနီလေးတွေဟာရယ်နေရင်းသိပ်လှမှာပါ။ သို့သော်​ ထိုမိန်းကလေးမျက်နှာဟာ အသက်မဲ့လျက်
ရင်ဘတ်မှာ စာအုပ်ငယ်တစ်ခုကိုပွေ့ဖက်ထားကာ

Jejudo's​ Story Where stories live. Discover now