[Unicode]
"Unnieရဲ့ဂျယ်ဂျူကအလုပ်တွေကပြီးသွားပြီ
ကျောင်းပြန်ဖွင့်ဖို့က1လနီးပါးလိုသေးတယ်မလား Youngie.....""အင်း..... ဟုတ်တယ်လေ....."
"Unnieနဲ့ခရီးတစ်ခုလောက်သွားရအောင်......."
"ချက်ချင်းကြီးလား......."
"အင်း....... ဆိုးလ်ပြန်ရောက်ရင်Unnieကလည်းအလုပ်တွေရှုပ်မှာ
Youngieကလည်းကျောင်းနဲ့
အဲ့တာကြောင့်ခရီးတစ်ခုလောက်အားတုန်း
သွားချင်လို့............""Youngieဒီကိုရောက်တာမှ5ရက်လောက်ပဲ
ရှိသေးတယ် ချက်ချင်းကြီးပြန်ဖို့က.....""OK .......တို့မနက်ဖြန်လေယာဥ်လက်မှတ်ဖြတ်တော့မှာ မသွားဘူးဆိုတော့လည်း ဆိုးလ်တန်းပြန်တာပေါ့...."
Jennieရဲ့စကားပြောပုံကချက်ချင်းပြောင်းသွားပြီး
အခန်းထဲထဝင်သွားတယ်။*အားရှီး...... စိတ်ဆိုးသွားပြန်ပြီထင်တယ်....... *
သူတို့နှစ်ယောက်ချစ်သူဖြစ်တဲ့5ရက်အတွင်း
ChaeyoungကJennieကိုချော့ရတဲ့
အခေါက်ပေါင်းမနည်းJennieအကြီးဖြစ်ပေမယ့်
Chaeyoungအပေါ်ဆိုးလာသည်။
စိတ်ကောက်တဲ့ကိစ္စကတော့ Chaeyoungသူနားမနေတာ သူနားမရှိတာ သူ့ကိုထားပြီးအခြားအလုပ်
လုပ်နေတာ စသဖြင့်ကလေးလိုဆိုးနေခြင်းသာဖြစ်သည်။
Chaeyoungကအငယ်ဖြစ်ပေမယ့်Jennieစိတ်ဆိုး
ရင်မနေတတ်သူမို့ သူဖြစ်ချင်သမျှလိုက်ရောပေးသည်။အရင်တုန်းကJennieနဲ့အခုJennieလုံးဝကိုမတူပေ
အရင်က Chaeyoungရဲ့မိတ်ဆွေJennieက
အရမ်းလူကြီးဆန်တဲ့ပုံစံမျိုး
အခုChaeyoungရဲ့ချစ်သူဖြစ်သွားတဲ့Jennieက
တော့တကယ့်ကလေးဆိုးကြီးပင်။"Unnie......."
Chaeyoungအခန်းတံခါးခေါက်နေပေမယ့်
Jennie ဆီက အဖြေပြန်မလာ....."Unnie.....စိတ်ဆိုးမနေနဲ့တော့ကွာ....
သွားရအောင်...... ခရီးကို....."Chaeyoungဆီကခရီးသွားမယ်လို့ကြားရသည်နှင့်
တစ်ပြိုင်နက်အခန်းတံခါးပွင့်လာပြီး"ဒါမှUnnieရဲ့Youngie....."
×××××
ဒီလိုနဲ့Chaeyoungတစ်ယောက် အန်တီParkကို
ကျောင်းအကြောင်းပြပြီး ပြန်မယ်ပြောကာ ပြန်လာသည်။
ထို့နောက်Jennieရွေးလိုက်တဲ့ခရီးစဥ်က အချစ်ရဲ့မြို့တော်လို့တင်စားရတဲ့ Parisကိုပါပဲ။