Episode 14

999 120 16
                                    

                   [Unicode]​

"လက်... အဆင်ပြေရဲ့လား..."

"အင်း... ရပါတယ်..."

ဖန်ကွဲစတွေစိုက်မိခဲ့သောလက်မှာဘယ်လက်ဖြစ်နေပေ
မယ့်​ကံဆိုးစွာChaeyoung​သည်​ ဘယ်သန်ဖြစ်နေခဲ့သည်။

Jisooဆေးသေချာထည့်ပြီးပတ်တီးစည်းပေးထားသော်လည်းဖန်ကွဲစစိုက်ခြင်းသည် တော်တော်နက်သောကြောင့်
Chaeyoung​လက်ကအတော်ပင်နာနေသည်။

အ​ခုချိန်​ကလည်း​ Lectureလိုက်နေရချိန်ဖြစ်နေသောကြောင့်
Chaeyoung​တော်တော်​ဒုက္ခရောက်နေရသည်။

"နင်မရေးနဲ့တော့Chaeyoung.....
မဟုတ်​ရင်​ငါထသောင်းကျန်းလိုက်ရမလား..... "

Jisooလေသံမြင့်လာသောကြောင့် ကျောင်းသူတစ်ချို့ပင်
လှည့်ကြည့်လျက်ရှိသည်။

"ရှူး.... တီချယ်ကြားသွားမယ် Soo..."

"အဲ့တာဆိုနင်ဆက်မရေးနဲ့တော့လေ...."

"Soo... နင်ကတကယ်ပဲဟာ....."

Chaeyoung​လည်းရေးလက်စဘောပင်ကိုချပြီး
သက်ပြင်းချကာပြတင်းပေါက်ဘက်ကို​ငေးလျက်ရှိသည်။

ဘာတွေတွေးနေလဲမေးစရာမလိုအောင်
သူမ၏အတွေးတွေကိုနေရာယူထားပြန်တာ Jennie Kimပဲဖြစ်နေတော့သည်။

Chaeလေရှင့်ကိုယုံကြည့်ချင်သေးတယ်​Janeရယ်

ထိုနေ့ညကသူမူးနေတာကြောင့်မှားတာမျိုးဖြစ်နိုင်သည်
မဟုတ်​လား​ဆိုသောအတွေးမျိုးဖြင့်​
Chaeyoung​ကိုယ့်စိတ်ကိုယ်ဖြေသိမ့်ခဲ့သည်။

Jennie​ကိုသူမ ယုံချင်သေးသည်။

Jennierubyjaneသည်သူမကိုအဲ့လိုလုပ်မည့်

လူစားမဟုတ်ကြောင်းယုံချင်သေးသည်။

ယုံကြည်ဖို့၁ရာခိုင်နှုန်းလောက်လေးပဲကျန်မည်ဆိုရင်တောင် အဲ့၁ရာခိုင်နှုန်းလောက်ကိုသူ့ကိုယုံချင်မိသည်။ သူရှင်းပြလာမယ့်အချိန်ကိုစောင့်နေမိသည်။

🌊

ထမင်းစားချိန်ရောက်တော့
Chaeyoung​က​ လက်ကြောင့်လူရှင်းမှပဲသွားယူမယ်လို့
တွေးကာစောင့်နေတုန်း ထမင်းပန်းကန်နှစ်ခုနဲ့ Jisooရောက်လာခဲ့သည်။

Jejudo's​ Story Where stories live. Discover now