Chapter 13

8.4K 1.3K 49
                                    


[ Unicode ]

အေးခဲလှတဲ့ ဆောင်းရာသီတွင်း မွေးဖွားခဲ့တဲ့ ချန်တုံလန်...သူ မွေးတဲ့နှစ်မှာပဲ သူ့မိဘတွေ ကွာရှင်းလိုက်ကြသည်။

သူကတော့ သူ့အမေနောက်ပါသွားသည်။ သူ "မားမား"လို့ပြောတတ်စအရွယ်မှာတင် သူ့အမေက နောက်အိမ်ထောင်ပြုလိုက်ပြီး ခင်ပွန်းသစ်နှင့်ရသည့် ကလေးတစ်ယောက်ကို တစ်ဆက်တည်း မွေးခဲ့သည်။

သူ့အမေနှင့်ပထွေးက သူ့ကို တော်တော်လေးချစ်ကြသည်။ ဒီလို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခြင်းရဲ့ နောက်ပိုင်းအကျိုးဆက်ကောင်းကို သူတို့သေချာသိသည်။

သို့ပေမဲ့လည်း ကမ္ဘာပေါ်မှာ မပြောင်းမလဲ အမြဲတမ်းမှန်သည့် အချက်တစ်ချက်လည်း ရှိသည်မဟုတ်လား... သူ့အမေက သူ့ညီလေးကို မဆိုစလောက်လေးတော့ နည်းနည်း အချစ်ပိုလေသည်။ တစ်ခါတစ်လေ သူမကိုငိုရအောင် စိတ်တိုရအောင်လုပ်လို့ သူ့ညီကိုဆူရပူရတာတွေရှိပေမဲ့ ချန်တုံလန့်ကိုတော့ ဘဝမှာ နေတတ်ထိုင်တတ်ရှိအောင်ဆိုကာ ထိုအကြောင်းနှင့်သက်ဆိုင်သည်များကိုသာ ဆုံးမစကားပြောလေ့ရှိသည်။

ထို့အတွက် ချန်တုံလန် မျက်ရည်ကျကာ ငိုပြပြီး ခံစားချက်တို့ ထုတ်ပြပြ ဂရုမစိုက်စွာနေနေ သူ့အမေရဲ့ ဆက်ဆံပုံတို့က ပြောင်းသွားခြင်းမရှိ။

သို့နှင့်ပဲ ချန်တုံလန်တစ်ယောက် စိတ်ထဲရှိတာတွေကို ထုတ်ဖော်မပြတတ်တဲ့ အုံ့ပုန်းကလေးတစ်ယောက်အနေနှင့် ကြီးပြင်းလာခဲ့တော့သည်။

မပွင့်မလင်းနေရတာကို ကျင့်သားရလို့နေပြီး သူ့အတွက် ဒီလို မဖော်ပြရတာကို အဆင်ပြေတယ်လို့ယူဆလေသည်။ လမ်းလျှောက်တိုင်းလည်း အမြဲတမ်းခေါင်းငုံပြီးလျှောက်လေ့ရှိပြီး သူ့ကို ဘာတွေပြောလာလာ ခေါင်းထဲမထည့်ဘဲ နှစ်တွေအကြာကြီးလျစ်လျူရှုနေခဲ့သည်။

သူမရှောင်နိုင်လို့ ယောက်ျားလေးဖော်သူငယ်ချင်းတွေက တကူးတက စကားလှည့်ပြောပေးတာ၊ သူ့ကို စိတ်ရင်းနဲ့ ခြောက်ခြောက်လှန့်လှန့် ပြောလာတာမျိုးက ပိုလို့ နေရထိုင်ရခက်တဲ့ အခြေအနေဆီသို့ ပြောင်းလဲသွားအောင် ဖန်တီးသလိုသာ ဖြစ်သွားစေခဲ့၏။

Loneliness (Completed)Where stories live. Discover now