Chapter 5

9.4K 1.5K 93
                                    

[ Unicode ]

စားသောက်ပြီးနောက် ဟိုတယ်ပြန်ဖို့ဘယ်သူမှမလောကြ၊ အနီးစခန်းပတ်ဝန်းကျင်ကို လျှောက်ပတ်ကြည့်ကြသည်။ အချိန်နည်းနည်းပဲရတယ်ဆိုပေမယ့် ကတိုက်ကရိုက် အလောသုံးဆယ်တော့မရှိ။ သေချာလည်းနားပြီးပြီဆိုတော့ အေးအေးဆေးဆေးနဲ့ ရှုခင်းလှတဲ့နေရာအနှံ့ ပတ်ကြည့်ဖြစ်သည်။

စားသောက်ပြီးပြီဆိုတော့ အေမီက ပိုလို့တောင် တက်ကြွလာကာ မြင်းရိုင်းလေးတစ်ကောင်လို ခုန်ပေါက်ပြေးလွှားဆော့နေသည်။ ‌ရှောင်ကျိုးရဲ့ ဆံပင်ကိုဆွဲလိုက် မျက်နှာကို သွားသွားထိလိုက်နှင့် ရှောင်ကျိုးကို အကြီးအကျယ်ကို နှောက်ယှက်နေလေသည်။ ရှောင်ကျိုးရဲ့ အာရုံစိုက်ခံရပြီး ရှောင်ကျိုးကို သူမနှင့်အတူလျှောက်ဆော့စေချင်၍ဖြစ်၏။

စီနီယာလည်း မတတ်သာတော့။ ရှောင်ကျိုးကိုပဲ အေမီနှင့်အတူ ဟိုနားဒီနားပတ်ပြီး လိုက်ဆော့ပေးဖို့ တောင်းဆိုသည်။

အေမီတို့ ခပ်လှမ်းလှမ်းကို ထွက်သွားတာ သေချာတော့မှ စီနီယာက အရေးကြီးကိစ္စကို စပြောသည် "တကယ်တော့ ဒီတစ်ခေါက် ပြန်လာတာ အစ်မ ဒီမှာပဲပြန်အခြေချမလို့...."

စီနီယာနှင့်ယွမ်ယွမ်တို့ကသာ မေဂျာတူ စီနီယာဂျူနီယာဖြစ်သည်။ အရင်ကဆို စီနီယာက အရည်အချင်းရော အလှရော ပြောစရာမလိုအောင် ပြည့်စုံလှတဲ့ နတ်ဘုရားမတစ်ပါးပင်။ ဘွဲ့ရပြီးတော့ နိုင်ငံခြားထွက်သွားပြီး ဟိုမှာပဲ အိမ်ထောင်ကျ၊ မကြာဘူး ကလေးရသွားလိုက်တော့ အလုပ်နားလိုက်ရသည်။

ယွမ်ယွမ်ရော ယွီလင်းရောက အတွင်းလူတွေလိုဖြစ်နေတော့ အကြံဥာဏ်ဝိုင်းပေးကြသည်။ အို့ယန်က သူတို့မေဂျာကမဟုတ်တာကြောင့် အပြင်လူလိုဖြစ်နေပေမယ့် စကားပြောတတ်ဆိုတတ်ဆိုတော့ လေးယောက်သား မြန်မြန်ပဲ စကားဝိုင်းထဲမှာ အသားကျသွားသည်။

စကားကောင်းနေတော့ သူတို့နားကနေ ချန်တုံလန် ထ ထွက်သွားတာကို ယွမ်ယွမ် သတိမထားမိလိုက်။

သူတို့စကားကောင်းနေတာ နာရီဝက်လောက်ကြာသွားသည်။ အရေးတကြီးပြောစရာ ထွေထွေထူးထူးမရှိတော့ပေမဲ့ အလာပသလာပလေးတွေ ဆက်ပြောဖြစ်ကြသည်။

Loneliness (Completed)Where stories live. Discover now