Chapter 21

11.3K 1.3K 174
                                    

[Unicode]

သစ်တောဥယျာဉ်ဆီက ပြန်လာပြီးနောက်မှာ ချန်တုံလန်နှင့် ယွမ်ယွမ်တို့ အလုပ်ရက်သတ္တပတ်သစ်ကိုစတင်ခဲ့ကြသည်။ အတည်တကျတွဲဖြစ်သွားပြီဆိုပေမဲ့ သူတို့ဘဝတွေက အပြောင်းအလဲများများစားစားမရှိ။

နေ့စဉ်ဘဝလှုပ်ရှားမှုတို့က အရင်လိုအတိုင်းပင်။ မနက်တိုင်း ယွမ်ယွမ် ညအိပ်ဝတ်စုံအတိုင်းနှင့်အခန်းအပြင်ထွက်လာတာကို သူ မီးဖိုချောင်ထဲကနေစောင့်သည်။ သူဘာစားချင်လဲဆိုတာမေးပြီးနောက် ချန်တုံလန် မနက်စာစားဖို့ပြင်သည်။ အဲ့နောက်မှာ သူတို့အတူတူ မနက်စာထိုင်စားပြီး မနက်ခင်းသတင်းကြည့်သည်။ အချိန်ကျပြီဆို အိမ်ကနေအတူထွက်ကြသည်။ သူက ရထားစီးသွားပြီး ယွမ်ယွမ်ကတော့ ကားမောင်းပြီးအလုပ်သွားသည်။ တစ်ယောက်နှင့်တစ်ယောက်ခွဲရပြီဆို "ညကျရင်တွေ့မယ်"လို့ပြောကြသည်။

ညဖက်အိမ်ပြန်ရောက်ရင် အတူတူ မီးဖိုချောင်မှာ ညစာအတွက်ပြင်ဆင်၊ မျက်နှာချင်းဆိုင်ထိုင်ညစာစားပြီး အဆုံးမှာ ပန်းကန်တူတူဆေးကြသည်။

ဒီရိုးရှင်းသည်ဟုပြောလို့ရသည့် နေ့စဉ်ဘဝမှာ ပြောင်းလဲသွားသည့်အရာဆိုလို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကြ၊ နမ်းရှုပ်ကြနှင့် တပူးပူးတကပ်ကပ်ဖြစ်သွားတာသာရှိသည်။ အရမ်းပူးကပ်မိသွားပြီဆို သစ်တောဥယျာဉ်တုန်းကလုပ်ခဲ့သလိုမျိုး အချင်းချင်း လက်ဖြင့်ဖြေလျှော့ပေးကြသည်။

မီးပုံးပွဲတော်နေ့မှာ ယွီလင်းက ဟော့ပေါ့စားရင်းအားလုံးဆုံကြမယ်ဆိုပြီး ရှောင်ကျိုး၊ အို့ယန်၊ ယွမ်ယွမ်နှင့် ချန်တုံလန်တို့ကိုလှမ်းခေါ်သည်။

ယွီလင်းကအရင်ဆုံးရောက်နှင့်နေပြီး အဲ့နောက်မှာ ရှောင်ကျိုးနှင့် အို့ယန်တို့လည်းရောက်လာသည်။ ယွီလင်းက မိန်းကလေးကိုခေါ်လာတာတွေ့လိုက်ရတော့ သူတို့အံ့ဩသွားကြသည်။ သူနှင့်ပါလာသည့်တစ်ယောက်က အပြောချိုချိုနှင့် ချစ်စရာကောင်းသည်။ အားလုံးကို သူက ယွီလင်းရဲ့ကောင်မလေးဖြစ်ပြီး မျိုးရိုးနာမည်က ကျန်း၊ မူလတန်းပြဆရာမပါလို့ သူ့ကိုယ်သူမိတ်ဆက်လာသည်။

Loneliness (Completed)Where stories live. Discover now