💜 Extra အပိုဆု 10 💜

44.4K 4.3K 301
                                    

Unicode

ဒီနေ့အတွက် Company ရောက်ကတည်းကလုပ်စရာရှိတာတွေကိုလက်စသတ်နေရတဲ့ နှိုင်း ဟာ နေ့လည်စာစားချိန်ကိုပင်မေ့လျှော့နေခဲ့သည်။ ဒီအလုပ်တွေဟာ နောက်လအနည်းငယ်ကြာရင် သူ့အတွက်ပုံထပ်နေမယ့်အရာဆိုတာ သိနေတဲ့ နှိုင်း ဟာ အချိန်ကိုအလကားမဖြစ်စေလိုပေ ။ ဘာကြောင့်ဆိုလျှင် သေးငယ်စဖြစ်တည်နေတဲ့ဒီဗိုက်ကလေးရှိစဥ်မှာတောင် အဖြစ်သည်းလွန်းတဲ့ လူဆိုးလေးကြောင့် နောင်မှာအလုပ်တွေကိုဘယ်လိုစီမံနိုင်ပါ့မလဲ ။

ထိုအကြောင်းတွေမိတော့ ဒီနေ့မနက် Demonရဲ့စိုးရိမ်မှု့လွန်ကဲစွာ အပျော်လွန်နေတဲ့မျက်နှာအိုလေးကိုတွေးမိပြီး နှိုင်း ကြည်နူး၍ သူ့ဗိုက်ကလေးကိုကိုင်ပြီးပြုံးနေမိသည်။

* ကလေးလေး ခံစားမိရဲ့လား? ကလေးလေးရဲ့Daddyက သူ့မေတ္တာတွေက ကလေးနဲ့ပါးပါးအတွက်လုံလောက်မှု့မရှိမှာကြောက်နေတာကိုလေ၊ ဒါပေမယ့် သူမသိဘူး သူ့ရဲ့မေတ္တာနဲ့ချစ်ခြင်းတရားက ပါးပါးတို့အတွက်ဘယ်လောက်ထိလုံခြုံနွေးထွေးလဲဆိုတာ *

" အဟွန်း..အရူးလေး "

ရုံးခန်းထဲမှာတစ်ယောက်တည်းပြုံးရင်းရေရွတ်နေတဲ့ နှိုင်း ဟာ Demon နဲ့ အိမ်ထောင်ကျလာတဲ့တစ်လျှောက်ပျော်ရွင်မှု့ဘယ်လောက်ထိခံစားနေရလဲဆိုတာပေါ်လွင်နေသည်။

ဒေါက်..ဒေါက်..

" ဝင်ခဲ့ပါ "

ထိုစဥ်ရုံးခန်းထဲဝင်လာတဲ့ သူငယ်ချင်းတွေကြောင့် နှိုင်း ပြုံးပြကာ နေရာမှထပြီး စားပွဲမှာဝင်ထိုင်လိုက်သည်။

" မင်းတို့သုံးယောက်လုံး ဘယ်ကမျက်စိလည်လာတာလဲ "

နှိုင်း မေးလိုက်တော့ ဘုန်းပြည့် နဲ့ ရှိုင်းထက်အောင်က စစ်မာန်ခ ဘက်ကိုကြည့်ကာမေးငေါ့ပြသည်။ အထာနပ်သွားတဲ့ နှိုင်း က စစ်မာန်ခ ဘက်ကိုပြုံးစိစိနဲ့ကြည့်ကာ..

" ဆရာစစ်မာန်ခ ဒီတစ်ခါရောဘယ်လိုမိသွားရတာလဲ ပြောစမ်းပါဦး ဟားဟား "

" ဟာ နှိုင်း မင်းကရယ်လို့ကောင်းနေသေးတယ်..ငါအတော်တင်းနေတာနော် "

" ကဲပါ ပြောပြစမ်းပါဦး "

သူ့အဖြစ်ကိုပြန်မပြောချင်လို့ ပေကပ်နေတဲ့စစ်မာန်ခကိုကြည့်ပြီး နံဘေးကနှစ်ယောက်ကကြိတ်ခွီးကာ မနေနိုင်တဲ့အဆုံး ရှိုင်းထက်အောင် က ဝင်ပြောကူသည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now