💜 S3 EP - 9 💜

93.1K 8.6K 1.4K
                                    

စောနကတိုက်ခိုက်နေဆဲ အခြေနေမှာ ... ဒီဘက်တစ်ယောက်ကို Demon ရှောင်တိမ်းနေတဲ့အချိန် ဘေးဘက်ကလျှပ်တစ်ပြတ်ဝင်လာတဲ့ဓားကိုလက်နစောနကတိုက်ခိုက်နေဆဲ အခြေနေမှာ ... ဒီဘက်တစ်ယောက်ကို Demon ရှောင်တိမ်းနေတဲ့အချိန် ဘေးဘက်ကလျှပ်တစ်ပြတ်ဝင်လာတဲ့ဓားကိုလက်နဲ့ဆုတ်ကိုင်ကာဖမ်းလိုက်သည် ။

လက်လျှင်တဲ့ထိုလူဟာ Demon လက်ကဒဏ်ရာကိုအခွင့်ကောင်းယူကာ က်န္လက္တစ္ဖက္က လက်သီးနဲ့မျက်နှာဆီထိုးလိုက်တာကြောင့် Demon ထိသွားခဲ့တာပင် ။

Demon လက်မှာသွေးထွက်နေသော်လည်း အေးစက်တဲ့အပြုံးနဲ့ ကြောက်စရာကောင်းတဲ့အကြည့်တွေက ပိုပြီးကြောက်ဖို့ကောင်းနေခဲ့တယ် ။

" မင်းတို့ပြီးရင် ငါ့အလှည့်ပဲ "

အဲ့လိုနဲ့ ထိုနှစ်ယောက်ကို လက်စသတ်ပြီး လမ်းဘေးမှာ ထိုအတိုင်းပင်ထားခဲ့လိုက်ပြီး .. Logan တို့ကိုဖုန်းအရင်ခေါ်ကာ သူ့ဆိုင်ကယ်ကိုလာယူခိုင်းထားလိုက်သည် ။
လက်ကသွေးတွေကို Box ထဲက ရေသန့်ဗူးသေးကိုလောင်းချကာဆေး၍သေချာသုတ်လိုက်ပြီး .. တစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်သည် ။

လေလှိုင်းထဲကကြားလိုက်ရတဲ့အသံလေးဟာ တည်ငြိမ်ပြီးနားဝင်ချိုတယ် .. ခဏလောက်ထိ Demon ဖုန်းပြန်မဖြေပဲကိုင်ပြီးနားထောင်လိုက်တယ် .. စိတ်မရှည်တဲ့ အသံပိုင်ရှင်လေးက ဖုန်းချတော့မှာမို့ ပြန်ဖြေလိုက်သည် ။

လာခေါ်ပေး လို့ Demon ပြောပြီး ဖုန်းချလိုက်ပေမယ့် .. လာမယ်လို့မထင်ခဲ့တာအမှန်ပဲ ။ သူ့အနေနဲ့တွက်ကြည့်ရင် ပထမတစ်ကြိမ်သာတွေ့ဖူးပေမယ့် Demon ဆိုတဲ့သူ့ကို ယုံကြည်ပြီးလာခေါ်ခဲ့တယ် ။

* ခင်ဗျား အရမ်းရိုးသားလွန်းတယ် .. ဒီနေ့ကစပြီး ခင်ဗျားရဲ့အဲ့ဒီ့ ရိုးသားဖြူစင်မှု့က ကျုပ်တစ်ယောက်တည်းအတွက်ပဲဖြစ်စေရမယ် .. *

___________________________________

နှိုင်းသုတ အိမ်ရောက်သည်နှင့် Auto စနစ် ခြံတံခါးကိုခလုပ်နဲ့ပင်ဖွင့်ကာ ကားမောင်းဝင်လာခဲ့သည် ။

အိမ်ထဲရောက်သည်နှင့် ဧည့်ခန်းထဲကစားပွဲပေါ်သူ့လက်ဆွဲအိတ်တင်ကာ ဝတ်ထားတဲ့အပေါ်ကုတ်ကိုတံတောင်နားထိတင်၍ ..

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now