💜 S3 EP - 8 💜

84.8K 8.4K 791
                                    

သုံးရက်မြှောက်နေ့အနက်ထိ နှိုင်းသုတ နိုးလာတာနဲ့အရင်ဆုံး ကြည့်မိတာက စားပွဲပေါ်ကဖုန်းလေးဆီ ။

ဖုန်းစိမ်းအဝင်ကောမရှိသလို .. မက်ဆေ့အဝင်လည်းမရှိတဲ့ ဖုန်းကိုတွေ့လိုက်တာနဲ့ ဟိုလူဆိုးကောင်လေး ဘာလို့ဖုန်းမခေါ်သေးတာလဲ ဆိုပြီးတွေးမိပေမယ့် .. သူမအားလို့လား ဒါမှမဟုတ် အဲ့နေ့က ကိစ္စကိုဘာမှမရှိခဲ့သလိုကျော်သွားဖို့ဆုံးဖြတ်လိုက်တာလား လို့အတွေးဝင်လိုက်ချိန်မှာ နှိုင်းသုတ ဒီကိစ္စကိုထပ်ပြီး မတွေးတော့ဖို့ဆုံးဖြတ်လိုက်တယ် ။

နှိုင်းသုတ ရဲ့ တနေ့တာအတိုင်း Company သွားရန် ရေမိုးချိုးအဝတ်စားလဲပြီး ရုံးလက်ကိုင်အိတ်အဖြူရောင်ကိုပြောင်းကိုင်ကာ မနက်စာစားပြီးထွက်လာခဲ့သည် ။

စီးနေကြ နှိုင်းသုတ ရဲ့ ကားအဖြူလေးကိုစီးရန်ပြင်လိုက်ပေမယ့် လေလျှော့နေတဲ့ ကားအဖြူလေးကြောင့် ကားအနက်ရောင်ကိုသာပြောင်းစီး၍ Company ကို ထွက်လာခဲ့သည် ။

L မြို့ရဲ့ အောင်မြင်တဲ့လုပ်ငန်းစုထဲမှာ နှိုင်းသုတ ရဲ့ ပန်းချီပြခန်း နဲ့ ဓာတ်ပုံပြခန်း ဟာ လေလံပွဲတွေရဲ့ဈေးကောင်းပေးခြင်းခံရတဲ့အပြင်အောင်မြင်တဲ့လုပ်ငန်းထဲတွင်ပါသည် ။

သို့သော် လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပေမယ့် လက်အောက်ခံအလုပ်သမားတွေအပေါ်ကို နှိုင်းသုတ ဘယ်တုန်းကမှ မောက်မာစွာမဆက်ဆံခဲ့ဖူးသလို ရောထွေးစွာလဲ အရေးမပေးခဲ့ .. အားလုံးကိုသင့်တော်သလို ညီမျှစွာလုပ်ကိုင်သည် ။

နှိုင်းသုတ Company ထဲဝင်လိုက်သည်နှင့် ပြုံးပြ၍ဖော်ရွေစွာ နှုတ်ဆက်တဲ့ဝန်ထမ်းတွေကို တည်ကြည်တဲ့မျက်နှာနှင့်ပင် ခေါင်းတစ်ချက်ညှိမ့်ပြကာ အသိမှတ်ပြုလိုက်သည် ။

ရုံးခန်းမရောက်ခင် အပြင်ဘက်မှာရှိတဲ့ အတွင်းရေးမူး Ban က နှိုင်းသုတ ကို တွေ့တာကြောင့် ထိုင်နေရာမှထ၍ ခေါင်းငုံ့ကာနှုတ်ဆက်လာသည် ။

" ဒီမနက် ဟိုဘက် Company က Mr Mak တို့ရောက်လာပါတယ် .. လတ်တလော ပန်းချီကိစ္စဖြစ်မယ်ထင်တယ် အဲ့ဒါကြောင့် Meeting ခန်းထဲမှာ စောင့်ခိုင်းထားပါတယ် သူဌေး "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now