💜 S3 EP - 14 💜

81.8K 8.6K 1.2K
                                    

" ဒီမှာရှိနေတယ်ဆိုတာသေချာလား "

" သေချာတယ် Thomas ငါ့ကောင်တွေသေချာစုံစမ်းထားတာ .. ဒီနေ့သေချာပေါက်ရှိတယ် "

Demon ပိုင်တဲ့ Club ရှေ့တွင် Thomas နဲ့ သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အုပ်စုတစ်စုတို့ရောက်လာပြီး တစ်စုံတစ်ခုကိုကြံစည်နေသည် ။

" Thomas ငါတို့လာတာအချိန်ကောင်းမဟုတ်မှာစိုးတယ် .. ဒီနယ်မြေလောကမှာသူကဘုရင်ပဲ အခုငါတို့ကသူ့နယ်မြေထဲမှာ အကုန်သေကုန်လိမ့်မယ် "

Thomas နဲ့ ပါလာတဲ့လူမိုက်ပုံစံနဲ့တစ်ယောက်ကပြောသည် ။

" ဟေ့ကောင် မင်းသွေးမရှိဘူးလား .. အဲ့ကောင်က သူ့ဘာသာသူဘုရင်မကလို့ ဘာပဲဖြစ်ဖြစ် ငါတို့အခြေနေနဲ့ကြောက်ဖို့လိုအပ်လို့လား .. $အပိုစကားတွေနဲ့သွေးကြောင်မနေနဲ့ .. မင်းလဲ အဲ့ကောင်ကိုရှင်းပြစ်ချင်နေတာပဲမဟုတ်လား "

Thomas ပြောလိုက်တော့ ထိုလူက သူ့မျက်နှာက ဒဏ်ရာအမာရွတ်တွေကိုတစ်ချက်စမ်းကာ ချက်ချင်းမျက်နှာမှာ Demon ကို သတ်ချင်စိတ်တွေပြန်မြင့်တတ်လာသည် ။

ထိုသူက ဟိုတခေါက် Demon နဲ့ ဆိုင်ကယ်ပြိုင်ပွဲမှာ ပြသာနာဖြစ်ရင်း Demon လက်ချက်ကြောင့် မျက်နှာတစ်ခြမ်းစုတ်ပြတ်သတ်သွားတဲ့လူ ။

သူက အာဏာရှိတဲ့လူကြီးတစ်ယောက်ရဲ့သားဖြစ်ပေမယ့် ဒီကိစ္စနဲ့ပက်သတ်ပြီး သူ့မိဘတွေက Demon ကို ဘာမှမလုပ်တဲ့အပြင် ဒဏ်ရာရှိခဲ့တဲ့သူ့ကိုသာအပြစ်တင်ကြတယ် ။ Demon လိုကောင်က မြေအောက်လောကမှာ အင်အားကြီးတယ်ဆိုပေမယ့်အခုလောက်ထိတော့မထင်ခဲ့ပေ ။ အဲ့လိုမကျေနပ်ချက်တွေကြောင့် Demon ကို အပြတ်ရှင်းဖို့ ဒီကိုရောက်လာခဲ့တယ် ။

Thomas က Demon ကို ရှင်းပြစ်ချင်ပေမယ့် သူ့လက်နဲ့လုပ်ရမှာထက် Demon နဲ့ ရန်စရှိတဲ့လူတွေနဲ့အတူပူးပေါင်းပြီး နောက်ကကြိုးကိုင်ချင်တာ ။

Thomas အပါအဝင်ပါလာတဲ့တခြားကောင်တွေကလဲအကောင်ကြီးကြီးသားသမီးတွေမို့ Demon နဲ့ တိုက်ခိုက်တာမျိုးဖြစ်ခဲ့ရင်တောင် သူတို့အတွက်ကပြသာနာဖြစ်မှာမဟုတ် ။ သူတို့ကိုလဲ Demon က အသေမသတ်ရဲလောက်ဘူးလို့ တွေးထားသည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now