💜 S3 EP - 40 💜 END

Start from the beginning
                                    

Demon အိမ်မှာထဲ တစ်ယောက်တည်းလျှောက်တွေးပြီး ပေါက်ကွဲလိုက် စိတ်မကောင်းဖြစ်လိုက်နဲ့ ခံစားနေရသည် ။ Demon သည် တွမ်ခမ်နား တို့မြို့တော်က ပြန်လာတည်းက အဲ့မှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပက်သတ်ပြီး စိတ်ဒဏ်ရာလိုဖြစ်သွားသလား မသိပေမယ့်... မနေ့က သူ့အဖေရဲ့စကားကြောင့်လဲ နှိုင်း သူ့အနားမှာမရှိရင် သူ့အတွေးတွေက ပိုပိုပြီး ဆိုးလာခဲ့သည် ။

နှိုင်း သူ့အနားမှာမရှိရင်ဆိုတဲ့ အတွေးတွေက သူ့စိတ်ကိုမိုက်မူးရဲဆန်စေသည် ။

Demon ကိုယ်လက်မျက်နှာသစ်ကာ မမှောင်ခင် ဆိုင်ကယ်နဲ့အပြင်ထွက်၍ လိုက်ရှာဖို့လုပ်နေတဲ့ အချိန်မှာ တဖက်က နှိုင်း ဆီကဖုန်းဆက်လာသည် ။

" Hello...Hello ကိုကို လား !! ကိုကို "

" မောင်... ကိုယ်ပါ.. "

" ကိုကိုဘယ်မှာလဲ ဟမ်!! .. ဘယ်တွေလျှောက်သွားနေတာလဲကွာ.. မောင် ..မောင်အရမ်းစိတ်ပူနေပြီ "

" တောင်းပန်ပါတယ် ကိုယ့်ဖုန်းအားကုန်သွားလို့ပါကွာ..မောင့်ကိုစိတ်ပူအောင်လုပ်မိလို့ ကိုယ်တောင်းပန်ပါတယ် နော် "

" ကိုကိုရာ.... မောင်စိုးရိမ်နေခဲ့တာ..... ရုတ်တရက်ကြီး မောင့်အနားကပျောက်သွားတော့ မောင်ထင်တာ .... မောင်ထင်တာက ..... "

တဖက်က နှိုင်း သည် သူ့လူဆိုးလေးရဲ့ စိတ်အခြေနေကိုကြည့်ပြီး တကယ်ပင် စိတ်မကောင်းဖြစ်ရသည် ။ နှိုင်း သူနဲ့ဝေးဝေးနေလိုက်မိတဲ့အချိန်တိုင်း သူ့အတွေးထဲမှာ မဟုတ်တဲ့အရာတွေကိုသာတွေးပူနေတော့သည် ။

" မောင် ..... မောင် ကိုယ်ကမောင့်အပိုင်လို့ ပြောထားပြီးပြီလေကွာ ဘာလို့ ကိုယ့်ကိုကိုယ်စိတ်အပင်ပန်းခံနေတာလဲ ဟင် "

" မောင်မသိဘူး ... ကိုကို မောင့်အနားမှာမရှိတဲ့အချိန်တိုင်း မောင့်အရမ်းကြောက်လန့်နေတယ် အဲ့တာက မောင့်ကိုအမြဲစိတ်ပင်ပန်းစေတယ် "

" ကိုယ်ဘယ်လိုလုပ်ရမလဲ မောင်ရယ်...ကိုယ်မောင့်ကိုချစ်တယ်လေ..ကိုယ်မောင့်ကိုအရမ်းချစ်တာသိတယ်မဟုတ်လား .. ဘာလို့ ကိုယ့်ကိုကိုယ်ညှင်းဆဲ​နေတာလဲကွာ... "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now