Chapter 11

286 23 0
                                    

Unicode;

အချိန်အားဖြင့် ညနေ ၆ နာရီ။Jimin မွေးရပ်မြေသ်ို့ ရောက်ဖို့ဆိုလျှင် ၃ နာရီလောက် ကားစီးရဦးမည်။ဒီည တွင်းချင်း ပြန်လာဖို့တော့ ဖြစ်တော့မည်မထင်။ကျနော်က မပြန်လည်း ရပေမယ့် ကျနော်နဲ့လ်ိုက်ပါခဲ့သော ယုန်ပေါက်လေးကို တော့ စိတ်ခုမှာ စိုးသည်။တော်ရုံ အိမ်နဲ့ခွဲပြီး အိပ်ဖူးသည့် ခလေးမှ မဟုတ်တာ။

ကားပေါ်ရောက်ကတည်းက ကားနောက်ခုံမှာ နှစ်ယောက်သားကြားမှာ လွတ်နေသော ကြားခံနယ်ကြောင့် Jungkook သိပ်မပျော်ရွှင်။သူ့က်ိုလည်း စကား မ​ပြောသေးသည့်အပြင် နာရီကြည့်လိုက်နဲ့
လက်ည်ိုးလေးထောင်ကာ ရေတွက်လိုက်နဲ့ တစ်ခါတစ်ခါ ခေါင်းကိုပင် ယမ်းခါနေသည့် က်ိုကို
ကို့ မသိမသာ ခိုးကြည့်နေမိသည်။ကိုကို ကစိတ်ရှုပ် နေသည့် ပုံလေး ပေါ်နေတာမို့ စကားစပြောရန်
သင့်မတင့် လက်သန်းလေးတွေကို လက်မနဲ့ ပွတ်ကာ စဥ်းစားနေသည်။

နာရီဝက်လောက် မောင်းလာပီးနောက် ​မြို့ပြင်ဖက် ရောက်သွားချိန်မှာတော့ အအေးဓာတ်က သိသိသာသာ တိုးလာသည်။အေးလာပီဟု စဥ်းစားမ်ိရုံလေးရှိသေး ရုတ်တရက် ကိုယ်ပေါ်တင်လာသော အနွေးထည်ရယ်။ပုခုံးပေါ်ကို အနွေးထည်အတည်အကျ ဖြစ်အောင် ပွတ်ခါပေးနေတဲ့ လက်တစ်စုံရယ်။

" အနွေးထည် ထပ်ဝတ်လာဖို့ ပြောဖို့မေ့သွားတယ်
အေးနေတော့မှာဘဲ "

ကိုက်ို က သူဝတ်ထားသော အနွေးထည်လေးကိုကျနော်အားပေးကာ ဆ်ိုသည်။က်ိုက််ို့ ကို ပြန်ကြည့်မိတော့ ဆွယ်တာအပေါ်မှာ ထပ်ထားသော ခပ်ပါးပါး အနွေးထည် သာ ကျန်သည်။ပြောပါတယ်။ကိုကို က ကျနော်ကို ဆ််ို သူ့မျက်စိထဲ သုံးနှစ်သားလေးလို့ မြင်တုံး။ကိုကို့ အမြင်တွေ ပြောင်းဖ်ို့ ကျနော်က Gym ကစားဖ်ိုဲဲဲ့စာမေးပွဲ ဖြေပြီးပီးချင်း မေမေတို့နား ပူဆာကာ ကြ်ို သွားအပ်ပြီးထားနှင့်ပီ။ဒီအတ်ိုင်း ကိုကို့ ရှေ့မှာ သန်မာတဲ့သူတစ်ယောက် ပြောရရင် ကိုက်ို့ ကိုကာကွယ်ပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ချင်လို့။

" ကိုကို အေးနေတော့မှာပေါ့ ပြန်ဝတ်ထားလိုက်ပါ "

ချွတ်ပြီး ပြန်ပေးဖို့လုပ်မည် ပြင်လိုက်သော်လည်းက်ိုကို က သူ့လက်သေးသေးလေးနဲ့ ကျနော်၏ ချွတ်ရန်ပြင်နေသည့် လက်ကို တားကာ

Your Eyes Tell Where stories live. Discover now