Chapter 17

260 29 3
                                    

Unicode:

လူသွားလမ်းကျဥ်းကျဥ်းလေး မှာ ပူးကပ်နေသည့် လူသားနှစ်ယောက်အား သစ်ပင်ပေါ်ရှိ ငှက်ကလေး အချို့က ကြည့်နေကြလေမလား။

ဘေးဘီမှာရှိတဲ့ ကားလမ်းမလေးမှာ သွားလာသံတွေ မကြားရလို့တော်ပါသေးသည်။မဟုတ်ရင်လည်း မကြားတာဘဲလားတော့ မသိ။Jimin ကြားမိတာကတော့

ကျွန်တော် ကိုကို ကို့ချစ်တယ်
ဆိုတဲ့ စကားလုံး။အံ့သြသွားမှုနဲ့ အတူ ဘာမှ တုံ့ပြန်ချိန်ပင် မရလိုက်။ထိုယုန်ပေါက်လေးက
သူ့ခါးကို ဆွဲကာ နမ်းလိုက်သည်တဲ့။ဘာတွေ မှားကုန်ပီလဲ Jimin ကိုယ်တိုင်မသိတော့။မဖြစ်ပါ။သူရပ်မှ ရတော့မည်။ကလေးငယ်လေးက ရပ်မည့်ပုံ
မပေါ်သောကြောင့် ရင်ဘက်ပေါ်သို့ သူ့လက်သေးသေးနဲ့ ထုတော့ လွတ်ပေးရှာသည်။ရီဝေဝေ အကြည့်တွေ။မျက်နှာချက်ချင်းလွှဲကာ ခေါင်းငုံထားလိုက်မိသည်။

" ဘာလုပ်လိုက်တာလဲ Kookie "
" ချစ်လို့လေ ချစ်လို့ ကိုကို့ ကိုကျွန်တော်ချစ်လို့
ချစ်နေတာကြာနေပီ...ဘယ်ကတည်းကလဲ မသိပေမယ့် တစ်ခြားသူတွေ လက်ထဲ ပါသွားမှာ အရမ်းစိုးရိမ်နေလို့..ကျွန်တော်က..."

ပြောရင်းပင် မျက်ရည်ဝဲတက်လာသော ယုန်ပေါက်လေးသည် ခုနက သူ့ကို ခွင့်မတောင်းဘဲ နမ်းသွားသော ကောင်လေးက သူမဟုတ်သလို။
ကျွန်တော်စိတ်ဆိုးသွားမှာ ကို စိုးရိမ်လို့ထင်ပါသည်။

" ကိုကိုက ဘယ်သူ့လက်ထဲ ပါသွားရမှာလဲ
အရင်ကတည်းက ပြောပြပြီးပြီကို..
ရည်းစား မရှိသေးပါဘူးလို့.."

သူ့အားမော့ကြည့်လာသော ယုန်ပေါက်လေး၏ ထိန်းချုပ်ထားသည့် မျက်ဝန်းအိမ်က မျက်ရည်လေး ကျလာသည်။Jimin ကိုယ်တိုင် ဖွဖွလေး သုတ်ပေးမိသည်။အခွင့်ကောင်းယူတတ်
သူသည် ပုခုံးပေါ်ခေါင်းမှီကာ တိုးတိုးလေး ငိုနေသည်။ဒီရက်ပိုင်း အတွင်း Jungkook အရပ်က
တော်တော်ရှည်လာသည်။လူကောင်လည်း ကြီးလာသည်ကို သူသတိထားမိပါသည်။ကျောပြင်ကျယ်ကြီးကို ပုတ်ပြီး နှစ်သိမ့်ပေးရမယ်လိုလို
တွန်းဘဲ တွန်းလွတ်ရမယ်လိုလိုနဲ့ Jimin ခနကြောင်နေမိသည်။

" အရင်က မရှိလဲ အခု ရှိလိုက်လေ
ကိုကို  ကျွန်​တော့်ကိုအဖြေပြန်ပေး
မဟုတ်ဘူး...ချစ်တယ်လို့ ပြောပေး  "

Your Eyes Tell Where stories live. Discover now