Chapter 7

281 22 0
                                    

Unicode;

     မနက်မိုးလင်းသည်နှင့် Jimin ခေါင်းထဲတွင် ပထမဆုံး ပေါ်လာသည်က သူငယ်ချင်းမ Mina ကို ဖုန်းခေါ်ရန်ဖြစ်လေသည်။မနေ့ညက အတွေး
နည်းနည်းများသွား၍ အိပ်ရာထ နောက်ကျသွားလေသည်။မျက်နှာသစ်သွားတိုက်ပီးသည်နှင့်
Mina ကို ဖုန်းခေါ်လိုက်သည်။ဖုန်းဝင်သွားသည်နှင့် ချက်ချင်း ကောက်ကိုင်လေသည်။

" ဟယ်လို Mina "

Jimin ဘက်ကပင် အရင်စကားစလိုက်လေသည်။

" အေး Jimin sii
အခုမှ ဖုန်းခေါ်တယ်နော် နေနိုင်လိုက်တာအေ "

ထင်ထားသည့် အတိုင်း ရန်ထောင်မည့်စကားလုံးများကို အရင်ဆုံး ကြားရ၍ Jimin ပြုံးမိလေသည်။

" ဆောရီးပါဟာ
ဒီရက်ပိုင်းအတွင်း မအားသေးတာနဲ့ "

" Park Jimin တို့ကတော့ ဆင်ခြေတွေအပြည့်ဘဲဟေ့ "

" စိတ်မဆ်ိုးပါနဲ့လေနော်
ငါနောက်လ ပြန်လာမှ နင်ကြိုက်တဲ့ မုန့်တွေ ဝယ်လာပေးမယ်လေဟာ "

"အေး မဝယ်လာလို့ကတော့ တွေ့မယ် "

" ဝယ်လာမှာ စိတ်ချ
ဒါနဲ့ နင်က ဘယ် တက္ကသိုလ် တက်မှာလဲ
ငါက​တော့ Moon University မှာ စာပေနှင့် အနုပညာ မေဂျာ ယူမှာ "

" ငါက​တော့ အဝေးသင်ဘဲ တက်ဖို့ စဥ်းစားထားတယ် အချိန်ပိုင်း အလုပ်လေးလည်း လုပ်ရင်း
ဖေဖေတို့ ခြံအလုပ်လည်း ကူရင်းပေါ့ "

Mina ကတော့ အလုပ်ကို ခုံမင်ပုံရသည်။ပိုက်ဆံလည်း ငယ်စဥ်ကပင် ချွေတာ ခြိုးခြံတတ်သည့် အကျင့်လည်း ရှိသည်။

" ကောင်းပါတယ်ကွာ
ဒီတော အတွင်း ငါ့ဖေဖေ ကိုပါ ဂရုစိုက်ပေးပါအုံးနော် "

" အင်းပါ ငါတောင် ဟိုနေ့က နင့်အိမ်သွားပြီးပြန်လာတာ...နင်ဖုန်းမဆက်လို့တဲ့ "

" အေး ငါမနေ့ညက ဆက်ပြီးပြီ
ဖေဖေက နင့်ကိုပါဆက်ဖို့ ပြောလိုက်လို့ "

" အော် ဦးလေး ဖုန်းဆက်ခိုင်းမှ ဆက်လာတာပေါ့လေ "

" မဟုတ်ရပါဘူးကွာ
ဖေဖေနဲ့ ဖုန်းပြောပြီးပြီဆိုတာ ပြောပြချင်တာ "

ဒီသူငယ်ချင်းမလေး ကတော့ စကားနာတွေဘဲ ထိုးနေတော့သည်။မိမိမှာ မနက်နိုးနိုးချင်း ဖုန်းဆက်သော်လည်း ရန်စကားတွေသာ ကြားနေရတော့သည်။

Your Eyes Tell Where stories live. Discover now