Chapter 6

327 24 0
                                    

Unicode;

ဂေဟာမှ ပြန်ရောက်သည်နှင့် Jung Kook သည်လည်း ကျောင်းမှ ပြန်ရောက်နှင့်သည် တူပါသည်။သို့သော် Jung Kook မျက်နှာမှာ သိပ်မကောင်းချေ။Jimin ကတော့ သူနှင့်အနည်းငယ် ကြီးနေသော တီရှပ်ကို လဲရန် အခန်းထဲသို့ ဝင်သွားသည်။Jung Kook ကတော့ ဧည့်ခန်းထဲတွင်
အရုပ်ပိုက်ကာ ထိုင်နေရင်း အခုခုကို အလိုမကျ သလို ပုံစံမျိုး ပြုမူနေသည်။

" သား ကိုကြည့်ရတာ စာမေးပွဲ မဖြေနိုင်ခဲ့ဘူးလား "

အမေဖြစ်သူ၏ အမေးကို Jung Kook က ချက်ချင်း ခေါင်းငြိမ့်ပြသည်။ထိုကောင်လေးသည် စာမေးပွဲ၌ အမှားတစ်ခု နှစ်ခု လုပ်လာမိသည်ကို လုံးဝ စိတ်တိုင်းမကျချေ။

" ဘာမှ မဖြစ်ပါဘူး သားရယ်
နောက်နေ့ ဖြေရမယ့် ဟာတွေကိုဘဲ အာရုံစိုက် "

" နောက်နေ့က စပြီး နားမလည်တာ ရှိရင် ကိုကို Jimin နားကို သွားမေးမှာ မေမေ "

" ဟဲ့သား Jimin က နောက်လ တင်ဘဲ တက္ကသိုလ် တက်ရတော့မှာ သူလည်း သူ့စာနဲ့သူ ဖြစ်တော့မှာ
မေမေလည်း guide တွေ ငှားထားပေးရဲ့သားနဲ့ "

" ညဖက်ရောက်ရင် စာပိုလုပ်ဖြစ်တော့
ကိုကို Jimin နားမေးမှ အဆင်ပြေတာ "

" ညနက်တဲ့ထိ စာလုပ်နေရင်း သွားမေးတာမျိုး
မလုပ်နဲ့လေ...ဟိုကလေးအိပ်ရေးတွေပျက်ကုန်မယ် "

" မေမေကလည်း သား ကိုယ်တိုင် ကိုကို Jimin ဆီ သွားမေးပီး အကူအညီ တောင်းလိုက်မယ် "

ပြောရင်းဆိုရင်း Jimin အခန်းထဲဦးတည်လိုက်သည်။မေမေက​တော့ ဒီကလေး ပြောဆိုရ ခက်သည်သဘောဖြင့် ခေါင်းခါနေသည်။Jung Kook လည်း ပြောစရာ ရှိသည်ကို ပြောရန် Jimin ၏ အခန်း တံခါးကို ခေါက်လိုက်သည်။သုံးချက်လောက် ခေါက်ပြီး အကြာမှာ​တော့ တံခါး ပွင့်လာသည်။

" ကိုကို ကျွန်တော် အကူအညီတောင်းစရာရှိလို့ "

" အခန်းထဲ ဝင်လေ Jungkookie "

Jung Kook လည်း အခန်းထဲ ဝင်ထိုင်ပြီး

" ညဖက်တွေ စာလုပ်ရင် နားမလည်တာ ရှိရင်
ကျွန်တော်လာမေးချင်လို့ ရလားဟင် "

Puppy eyes များဖြင့် တောင်းဆိုနေသော ယုန်ပေါက်လေးအား Jimin မငြင်းရက်နိုင်ပါ။

Your Eyes Tell Onde as histórias ganham vida. Descobre agora