Chapter 4

355 27 0
                                    

Unicode;

ညစာစားပြီး ကိုယ်လက်သန့်စင်ကာ အခန်းထဲရှိ ထိုင်ခုံလေးပေါ်တွင် ထိုင်နေမိသည်။ညပိုင်းလေသည် အေးမြ၍ ပြတင်းပေါက်မှ မြင်နေရသော မြို့ပြ၏ ည အချိန် မြင်ကွင်းသည် Jimin မြင်နေကြဖြစ်သော ရွာ၏ ညနေခင်း အချိန်နှင့် လားလားမှ မသက်ဆိုင်။တစ်မျိုးတစ်ဖုံ အတွေးတွေနှင့် အတူ သွားလေသူ မေမေကိုပင် သတိရလာမိသည်။မေမေသည်လည်း ည​အချိန်မြင်ကွင်းကို သဘောကျတတ်သည်လေ။တိတ်ဆိတ်၍ အေးချမ်းကာ မိသားစု များ နှင့်တွေ့ရန် အိမ်လေးဆီသို့ ပြန်လာကြတော့မည့် ညအချိန်လေးဆိုသည့် အတွေးလေးရယ်,ငှက်ကလေးတို့ ပြန်တန်းဝင်ချိန် ကြားရသော ကျီကျီကြာကြာ အသံလေးတွေ
နှင့်တင် မေမေသည် ည​ပိုင်းမှသာ လူစုံတက်စုံ ရှိကြမည့် မိသားစုတိုင်းအတွက် ဝမ်းမြောက်ဝမ်းသာရှိတတ်လေသည်။ ထို​သို့သောစိတ်ထားဖြူစင်သော မေမေ သည် လောကကြီးမှ အဘယ်ကြောင့် ​စောစီးစွာထွက်သွားရပါသနည်း။မေမေအကြောင်း စဥ်းစားမိ၍ Jimin တစ်ယောက်မျက်ရည်များပင် ဝဲလာရသည်။

ဒေါက် ​ဒေါက်

" ကိုကို ကျွန်တော်ဝင်လာလို့ ရမလားဟင် "

သေချာပါသည်။ဟို Kookie ဆိုသော ကောင်လေး ဖြစ်မည်။Jimin လည်း မျက်ဝန်းရှိ အရည်လေးများကို တစ်ချက် လက်လေးနှင့် အလျင်အမြန် ဝေ့ထုတ်လိုက်ပြီး တံခါး သွားဖွင့်ပေးသည်။ဖွင့်ဖွင့်ချင်း မြင်ရပါသော ကောင်လေး၏ ပုံစံမှာ ညအိပ်ဝတ်စုံ မီးခိုးရောင်လေးနှင့်
လက်တစ်ဖက်ထဲတွင်လည်း စာအုပ်တစ်အုပ်ကိုင်ကာ နောက်တစ်ဖက်တွင်တော့ Milk ဗူးဟု ထင်ရသော အဝါရောင်ဗူးလေးက်ို ထောင်ပြကာ

" ကိိုကို ရော banana milk သောက်ဦးမလား ''

ယုန်သွားလေးနဲ့ ပြုံးပြကာပြောလာ သောကောင်လေး။

"အာ မသောက်ဘူး ညီလေးရဲ့။ညီက စာတွေကျက်ရမှာ။ညီဘဲ သောက်တော့ "

"ဟာကိုကို ကလည်း ကျွန်တော်က သောက်စေချင်လို့ဟာ ပြီးတော့ အလကား မတိုက်ဘူး။ "

ပြောရင်းဆိုရင်း Jimin လက်ထဲကို Banana milk
ဗူး က်ို အတင်းထိုးထည့်ရင်း အခန်းထဲရှိ အခုနက Jimin ထိုင်​​​နေသော စားပွဲဝိုင်းနှင့် ကုလားထိုင်တွင် အကျအန ဝင်ထိုင်ကာ လက်ထဲတွင်ပါလာသော စာအုပ်များကို လှန်နေသည်။Jimin လည်း တံခါးဘေးတွင် ရပ်နေ၍ ဒီကလေး လုပ်သမျှကိုအ​ကြောင်သားထိုင်ကြည့်မိသည်။

Your Eyes Tell Where stories live. Discover now