Chapter 14

300 26 2
                                    

Unicode;

" ပြန်ရောက်ပါပြီ "

ဧည့်ခန်းတွင် စာရင်းဇယားစစ်ကာ သူတို့ပြန်အလာကို မျှော်နေဟန်ရှိသော မေမေကို လှမ်းပြောလိုက်တော့ မေမေက ခေါင်းငြိမ့်ပြကာ

" ညစာရော မစားရကြရသေးဘူး မဟုတ်လား
ကိုယ်လက်သန့်စင်ပြီး လာဆင်းစားကြ
မေမေ ပြင်ထားပေးမယ် "

Jungkook တစ်ယောက် စိတ်မကြည်နေတာမို့
ညစာစားရန်လည်း စိတ်ကူးထဲတွင်ရှိမနေ။ကိုကို ကို လှမ်းကြည့်တော့ သယ်ယူလာသော အသီးတွေကို အိမ်အကူအန်တီကြီးနား သေသေချာချာ အပ်နေသည်။

" သားမစားတော့ဘူး မေမေ
နည်းနည်းပင်ပန်းချင်သလို ဖြစ်နေလို့ တက်အိပ်တော့မယ်နော် "

သူ့သားက ခရီးရှည် မသွားဖူးသေးတော့ ပင်ပန်းမည်ဆိုတာကို နားလည်သည်။မျက်နှာလေးကိုပင်
နွမ်းလို့။သူ့သားနားကို တိုးသွားပြီး ခေါင်းလေးတစ်ချက်ပုတ်ပေးကာ

" အင်းပါ ဒါဆိုလည်း တက်အိပ်တော့ "

သူ့အားပြန်ပြုံးပြကာ အိမ်ပေါ်တက်သွားသော သားဖြစ်သူကို ကြည့်ရင်း သက်ပြင်းလေးချမိသည်။

ဟိုတစ်နေ့ကဘဲ ခပ်ထွားထွား ခန္ဒာကိုယ်အရွယ်အစားရချင်ပါရဲ့ ဆိုပြီး Gym သွားချင်သည်ဟူ၍ ပူဆာနေသော ကောင်လေးမှာ ဒီနေ့တွင်တော့ မျက်နှာ မကောင်း။Jimin လေးနဲ့များ
ပြသာနာ ဖြစ်လာသည်လို့ တွေးမိပေမဲ့ သူအလုပ်လုပ်နေသည့် စားပွဲခုံပေါ်သို့ သစ်သီးစိတ်လေးများကို လာချပေးသည့် မျက်နှာထားလေးကြောင့် ထိုသို့ ဟုတ်မည်မထင်မိ။

" သား သူငယ်ချင်းကော အဆင်ပြေရဲ့လား "

သစ်သီးပန်းကန်ချပေးပြီး ထွက်သွားမည့်ဟတ်လုပ်နေသော ကောင်လေးကို သူမ မေးမိတော့
ဆိုဖာတွင် ထိုင်လိုက်ကာ

" ဟုတ် အန်တီ သက်သာသွားပြီ
သွေးအားနည်းပြီး မူးလဲသွားတာဆိုဘဲ "

" တော်သေးတာပေါ့ ဒါနဲ့ သားဖေဖေကော နေကောင်းရဲ့လား "

Jimin လေးနဲ့ စကားလက်ဆုံမပြောရသည်မှာ တော်တော်လေး ကြာနေပီဖြစ်၍ စကားတွေကို သူမ ဘက်ကပင် စဖောက်ကာ ပြောလိုက်သည်။

Your Eyes Tell Where stories live. Discover now