Chapter 9

286 26 0
                                    

Unicode;

ဒီနေ့ အတွက်တော့ Jimin ရင်ခုန်နေမိသည်။Uni ကနေ ကျင်းပသော Welcome ပွဲတွင် king selection တစ်​ယောက်အဖြစ် ပါဝင်နေရခြင်းကြောင့် ဖြစ်သည်။အရင်ကတည်းက စာပေနှင့်အနုပညာမေဂျာ မှ စီနီယာ အစ်ကိုကြီးများက
တစ်ကျောင်းလုံးKing နေရာကို အဆက်မပြတ် ယူထားသည်တဲ့လေ။ထို့ကြောင့်လည်း တာဝန်ကြီးသလို ခံစားရသည်။စစရွေးကတည်းက ငြင်းခဲ့သော်လည်း အကျင့်မကောင်းသော စီနီယာ Taemin မှာ Jimin အား ပိုးစိုးပက်စက်ထောက်ခံပေးသောကြောင့် မေဂျာက သူများကလည်း Jimin ကို သူတို့မေဂျာ ကိုယ်စားပြု ဝင်ပြိုင်ခိုင်းလိုက်လေသည်။

Uni စရောက်ကတည်းက စာကိုဘဲ ကြိုးစားလုပ်မည် တွေးထားသော်လည်း အခုတော့ နေရာတကာ မှာဝင်ပါနေရသော ကျောင်းသားတစ်ယောက်ဖြစ်လေနေသည်။ရုပ်ရည်နဲ့ ပတ်သတ်ပြီး သူ့ကိုယ်သူ အဆိုးမမြင်သော်လည်း အရပ်အမောင်းနဲ့ ပတ်သတ်လျှင်တော့ တခြားမေဂျာမှ ကောင်လေးတွေနဲ့ယှဥ်လျှင် အားမလို အားမရဖြစ်နေမိသည်။Online voting တွေတော့ Jimin က အပြတ်အသတ်။သူငယ်ချင်းမ Mina ကပင် ဖုန်းတွေလှမ်းဆက်ပြီး သူဘယ်လို Support ပေးထားကြောင်း။အောင်မြင်သွားရင် သူ့ကို မမေ့ရန်လည်း ပွစိပွစိ နဲ့ ပြောနေသေးသည်။Mina အပြင် သူ၏ယုန်ပေါက်လေးမှာ
သူ့မိဘမှ ပြောပြထားလို့ သိသွား၍ ကိုကိုက popular ဖြစ်တော့မှာဘဲဟူ၍ စာသင်တဲ့ အချိန်တိုင်း တဖွတဖွ  ပြောနေတတ်သေးသည်။

စင်ပေါ်တက်ရသည့်အလုပ်မှာ Jimin အဖို့တော့ မခက်ခဲ။ငယ်ငယ်ကတည်းက အခမ်းအနားတွေမှာ ဆူတွေယူဖူးသည်မို့။အခုတော့ နည်းနည်းစိတ်လှုပ်ရှားသည်။ဆုတတ်ယူရသည်မှ မဟုတ်ဘဲလေ။ဆရာမတွေနဲ့ ကျောင်းသားသစ်တွေ အပြင် စီနီယာ များ အရှေ့သို့ စတိုင်လ် အပီအပြင် ထုတ်ပြရမည့်အဖြစ်မို့။မေဂျာထဲက စီနီယာ အမများ မြောက်ပေး၍ဆိုးထားသည့် ဆံပင် အခဲရောင်များကိုသာ သက်ပြင်းညင်းညင်းချရင်း
အသာလေး ပွတ်တင်နေမိသည်။

" နောက် ၁၅ မိနစ်လောက်ဆို စတော့မှာနော် ချာတိတ်လေး "

Jimin ထိုင်နေသောဘေးနေရာမှာ ဝင်ထိုင်ကာ ပြောလာသော စီနီယာ Taemin ကို Jimin အမှန်တကယ်ပင် ကြည့်မရပါ။သူ့သာ အတင်း မထောက်ခံခဲ့ပါလျှင် Jimin သည်လည်း ဒီလို ပူပန်မနေရပါဘဲ တခြား ကျောင်းသားတွေလို မုန့်ဝေတာတွေ ဆရာမတွေကိုကူညီပေးတာမျိုးတွေ အလှဆင်တာမျိုးတွေ ကို လွတ်လွတ်လပ်လပ်လုပ်လို့ရမှာ။အခုတော့ စတိုင်လ်အပြည့်ဖြင့် စင်ပေါ်တက်ရမည့် အချိန်ကို ရင်တုန်စွာစောင့်နေရသည်။စိတ်ကအခြေအနေမကောင်းသည်မို့

Your Eyes Tell Donde viven las historias. Descúbrelo ahora