{Zawgyi🍀}
ကျွန်တော်ကလေ...
မောင်ကလေ...
အမြဲတမ်း အစချီလို့...
ခင်ဗျားအတွက် အားဖြစ်စေပါ့မယ်...
မောင်ကလေ...
ခင်ဗျားတစ်ယောက်ကိုတော့
ရူးရူးမူးမူး သဘောကျခဲ့မိသား......။
တစ်ခါတစ်ရံလည်း မောင့်အလွန်တွေ ရှိခဲ့လို့
ခင်ဗျား ပင်ပန်းနေမယ် ဆိုတာ သိပါတယ်...
လွန်မြောက်ခြင်း နိဂုံးက
ခင်ဗျား ကျွန်တော့်ကို ပစ်ထားခဲ့မှာလဲ ကြောက်နေမိတာပါ...။
သိတယ်မလား??
ကျွန်တော်က ခင်ဗျားကို အရမ်းချစ်တာ......။အပိုင်း ၂၇ အဆက်...
"အားဆေး...?? မလိုပါဘူး ခြူးရယ်... သတင်းမေးဖို့ လာတာပဲ ...ဒါတွေ မလိုပါဘူး... ဒါနဲ့ အရီးတို့ရော နေကောင်းလား??"
"ကောင်းပါတယ် ဆရာရယ်... အမေတို့ အဖေတ်ု့ကတော့ လူကြီးပိုင်းဆိုတော့ ဒီအတိုင်း ကျန်းမာရေးကတော့ အရမ်းကြီး ဒေါင်ဒေါင်မြည်တဲ့ အထဲ မပါဘူးပေါ့..."
"သြော် တတ်နိုင်သရွေ့တော့ ဂရုစိုက်ပေးပါ... လူကြီးပိုင်းတွေကတော့ အဲ့လိုပါပဲ..."
"ဟုတ်ဆရာ... အဲ့ဒါဆိုလဲ ခြူး ပြန်တော့မယ်... နောက်ပြီး ဆေးသောက်ဖို့လဲ မမေ့နဲ့နော်... ဆရာလေးအတွက် အဆင်ပြေအောင်လို့ပါ... ကိုယ်က မွေးဖွားခါနီးဆိုတော့..."
"ဟုတ်ကဲ့ပါ... ကျေးဇူးပါ ညီမရေ ဂရုစိုက်ပြီး ပြန်ပါ..."
"ဟုတ်ကဲ့ပါ ဆရာ..."
ခြူးနန္ဒာကတော့ ကျွန်တော့်အတွက် ပစ္စည်းတစ်ချို့ ပေးပြီး ပြန်သွားလေပြီ...။ ကျွန်တော်လည်း ဂျစ်ကန် ပြန်အလာကို စောင့်နေမိသည်...။ ညနေ ၅နာရီလောက်မှတော့ တောထဲက ပြန်လာသော မောင်က အိမ်ရှေ့ကန်အနား ခြေလက်ဆေးနေသည်...။ ကျွန်တော့်လည်း ပြတင်းပေါက်ကနေ မောင့်ကို ငေးကြည့်နေမိသည်...။
မောင်သည် ပုဆိုးနွမ်းနွမ်းကို ဒူးအောက်ကျော်ရုံလေးပဲ ဝတ်ထားသည်...။ အောက်က စပို့ရှပ်နွမ်းနွမ်းနဲ့ အပေါ်က ဖျင်ကြမ်း အကျီ င်္ကို ဝတ်ထားသည်...။ခါးမှာ ထိုးထားသော ဓားကို ခဏ ဖယ်ထုတ်ပြီး ခြေထောက် တစ်ဖက်နဲ့ တစ်ဖက်အား ပွတ်သပ်ဆေးကျောနေသည်...။
YOU ARE READING
ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2
Randomကျွန်တော်က ခင်ဗျားကို ချစ်ဖို့ မွေးဖွားလာတဲ့ ဂျစ်ကန်ကန်ကောင်လေး..။ ခင်ဗျားကို မုန်းဖို့ဆိုတာ ကျွန်တော်အတွက် ဘယ်တော့မှ ဖြစ်တည်မလာတဲ့ စကားလုံးတစ်ခု...။