{Unicode🌱}
အပိုင်း (၄၀)
သားလိမ္မာ
... ချစ်မိရင်..
နာကျင်ရတယ်တဲ့...
မသိပါဘူးဗျာ... ကျွန်တော်ကတော့ တစ်ခါမှကို
နာကျင်ရတယ် မထင်ရဘူး...
ဒါမှ မဟုတ်...
ကျွန်တော်ပဲ ထုံသွားလို့လား??****
နွေရာသီ...။
နွေဦးနဲ့အတူ လေရူးတွေ တိုက်တဲ့အချိန်
ရွက်ဝါကြွေ သစ်ရွက်တစ်ချို့နဲ့
လွမ်းမောစရာ... နွေသရုပ်ကတော့
သစ်ရွက်ဝါတွေရယ်...
အညာမြေ ဖုန်လုံးကြီးတွေရယ်...
ဥသြ ဥသြ အော်တတ်တဲ့ ဂျိုးငှက်လေးရယ်..
လက်ပံပွင့် ရဲရဲတွေရယ်...
ရိတ်သိမ်းပြီးစ ကောက်ပင် ရိုးပြတ်တွေရယ်
ထနောင်းပင် စိမ်းစိမ်းတွေရယ်...
မုန့်လက်ဆောင် မြန်မာ မုန့်နဲ့
ထန်းဦးရယ်၊ မုန့်သြဇာ၊ ဇီးထန်းညှက်နဲ့
စိမ်းစားဥ ချိုချိုလေး....။နံနက် ၁၀နါရီ...။
သားနှစ်ယောက်လုံး နွေရာသီ ကျောင်းပိတ်ရက်ကြောင့် အိမ်မှာပဲ ရှိနေသည်က များသည်...။ အခုဆို ထူးကဲလေးက ၁၄နှစ် ကိုးတန်း တက်နေပြီး အငယ်လေးကတော့ အသက် ၆နှစ်နှင့် သူငယ်တန်း တက်နေလေပြီ...။ ကျွန်တော်ကတော့ ထုံးစံအတိုင်း အလုပ်မရှိသည် ပျင်းရာမို့ သားနှစ်ယောက်ကို ခေါ်ပြီး စာသင်ဖို့ပဲ ပြင်လေသည်....။ မောင်ကတော့ နွားစာကျွေးနေပြီး ဝန်းထရံတို့ကို လုံခြုံအောင် ကာပေးနေသည်....။
"ပါးပါး သား ဗိုက်တွေ ဆာလာပြီ.."
ပေလွှာလေးကတော့ ထုံးစံအတိုင်း စာသင်တာနဲ့ ညည်းညူနေသည်...။ ထူးကဲလေးကတော့ ကျွန်တော့် သဘောအတိုင်း ဘာကိုမှ အထွန့်တက်သည်ဆိုတာမျိုး မရှိပါလေ...။
ဗိုက်ကို နှိပ်ပြီး မျက်နှာကို ရှုံ့မဲ့အော်နေသည့် ငဂျစ်ပေါက်စကို ကြည့်ပြီး အမြင်ကပ်လာသည်မို့...။
"ဗိုက်က ဆာတာလား? ထမင်း ဆာတာလား?"
"အာ ပါးပါးကလဲ သားက ထမင်းဆာတာကို ပြောတာပါဗျာ... ပါးပါး တော်တော့နော်... သားခေါင်းတွေ မှတ်ရလွန်းလို့ မူးနောက်နေပြီ...."
YOU ARE READING
ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2
Randomကျွန်တော်က ခင်ဗျားကို ချစ်ဖို့ မွေးဖွားလာတဲ့ ဂျစ်ကန်ကန်ကောင်လေး..။ ခင်ဗျားကို မုန်းဖို့ဆိုတာ ကျွန်တော်အတွက် ဘယ်တော့မှ ဖြစ်တည်မလာတဲ့ စကားလုံးတစ်ခု...။