အပိုင်း (၉): ငြိုးမာန်

16.9K 1.6K 48
                                    

(Zawgyi💚)

သဘာဝအတိုင်း.... ခင်ဗျား ပြစ်ပယ်သွားတဲ့
တစ်နေ့....။
ဟာဗ်ာ... အတွေးနဲ့တင်... မောင်သေမတတ် ခံစားရတာ
တော်ပြီဗျာ... ခင်ဗျား.. မောင်မျက်ကွယ်ရာက
တစ်စက္ကန့်လေးတောင် မနေပါနဲ့ဗျာ....။

******

At 10:09 AM...

"သက်သာလား?"

"နည်းနည်းတော့ သက်သာပါတယ်... ရောင်ဖြာရယ်... ဒါပေမယ့် ငါ မေနတတ်ဘူး...စိတ်ညစ်ပါတယ်... ရောင်ဖြာရာ..... တကယ္ကို အဆင်ပြေမနေဘူး..."

သူကေတာ့ ကျွန်တော့်ခြေထောက်ကို ဆေးအနည်းငယ် လိမ်းပြီး နှိပ်ပေးနေသည်...။ လုံးဝကို ကျွန်တော့်ခြေထောက် နှစ်ဖက်လုံး သူ့သဘောကျ အလုံးစုံ ကိုင်တွယ်နေသည်..။ သူ ၏ နှိပ်နယ်မှု၊ ဆေးအပူရှိန်ကြောင့်ပါ လူက ထူပူကြီး မိုးအေးအေးနဲ့ပင် ချွေးစတို့က အနည်းငယ် ပျံလျက်....။ ရောင်ဖြာကတော့ ကျွန်တော့်မျက်နှာတစ်ခုလုံး စာတစ်ပုဒ်ဆိုရင်တောင် အလွတ်ရမတတ် အမူအရာပြောင်းလဲပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်နေသည် ထင်ရသည်။ မိမိခြေထောက်နဲ့ မိမိမျက်နှာက လြဲ၍ သူ့အတွက် မြင်ကွင်းဆိုတာ မရှိတော့သည့်အသွင်.....။

"ရောင်ဖြာ... ထမင်း မစားရေသးမလား? ငါ ပြင်ထားလိုက်မယ်နော်.. သြား လက်ဆေးခဲ့နော်..။"

ထိုစကားကြောင့် သူ့မျက်လုံးတို့က ကျွန်တော့်ဆီ နက်နဲစွာ ရောက်ရှိလာသည်။ စိတ္တိုတာလား? သေဘာက်တာလား? စိတ်မကောင်းဖြစ်သွားလား? မျက်ဝန်းတို့က အဖြေရှာလို့ မရသည့်အထိ ပဟေဠိဆန်သည်...။ ကျွန်တော်လဲ အတန်ကြာ ထိုမျက်လုံးတို့ကို ငေးနေမိပြီ....။

"ခင်ဗျားက ဒီလိုကြီး ခံစားနေရတာ မောင်က ထမင်းစားနိုင်မယ် ထင်လို့လား? ဟိုနေ့က ကိစ္စလဲ တကယ် တောင်းပန်ပါတယ်... မောင့်ကို ဒုက္ခပေးလို့ မေဝသးဘူးလား ဆိုတာ တကယ်... ခင်ဗျား တစ္ခုခု ဖြစ်သွားမှာစိုးလို့... ပိုတယ်ပဲ ထင်ထင် ကျွန်တော်ရဲ့ တစ္ဘဝလုံး ခင်ဗျားနဲ့ပဲ ရှိနေစေချင်တာ... တစ်ခါတစ်လေ မောင့်ရဲ့ အချစ်တွေ အောက်မှာ ခင်ဗျား မွန်းကြပ်နေမယ် ဆိုတာ သိတော့သိပေမယ့်.... တကယ် ခင်ဗျားက ကျွန်တော့်ရဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးမို့...."

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now