အပိုင်း (၂၅) : အကယ်၍

12.5K 1.2K 88
                                    

{Zawgyi🍀}

... အချစ်ဆိုတဲ့ အရာကို
ခင်ဗျားနဲ့ကျမှ သိတတ်ခဲ့လို့...
ကျေးဇူးတင်ပါတယ်ဗျာ...။
ကျွန်တော့်အတွက် ခင်ဗျားကို ချစ်ခဲ့ရတာဟာ
အမွန်မြတ်ဆုံး ဆုလာဘ်တစ်ခုပါပဲ...။
ဒီရက်ပိုင်း မောင်တော်တော် ဖြစ်နေတယ်...။
ခင်ဗျားကို သိုင်းဖက်ပြီး ခင်ဗျား ပုခုံးတွေကို
နမ်းနေရတာ အကြိုက်ဆုံးပဲ...။

ကဆုန်လ...။

ဆရာလေးကိုယ်ဝန်နေ့စေ့ လစေ့ ဖြစ်နေပြီ ...။ ဖြစ်နိုင်တာတော့ ကဆုန်လဆန်းလောက်ဆို မွေးတော့မည် ထင်ပါရဲ့...။ ဒီရက်ပိုင်း မောင့်ကြည့်ရတာ အတော်လေး ပင်ပန်းသည်...။ ကျွန်တော့်ကို ဘယ်အလုပ်မှ မလုပ်စေတော့ဘဲ တောထဲ သွားလည်း သူ... အိမ်ပြန်ရောက်တော့ အိမ်အလုပ် မှန်သမျှ သူပဲ လုပ်ရသေးသည်...။ တစ်ခါတစ်ရံ ကျွန်တော့် ဝေယျာဝစ္စကိုလည်း အကျင့်မပြတ် လုပ်ပေးရှာသည်...။

အခုလည်း မနက် ၁၀နာရီ ရှိနေပြီ...။ တောထဲကို စောစောသွားသည်...။ ကိုးနာရီခွဲတာနဲ့ ပြန်ရောက်ပြီး ခဏနားကာ ရေမိုးချိုး အိမ်အလုပ်မှန်သမျှ သူတစ်ယောက်တည်း လုပ်နေသည်...။ အိမ်ရှေ့ ရေကန်အနား ကျောက်ဖျာပေါ်မှာတော့ မောင်က ကျွန်တော့်အဝတ်အစားများကို လျှော်ဖွတ်၍ပင်...။ သူ့ကို ကြည့်လို့မှ မဝသေး ကျွန်တော့်ဆီ အူယား ဖားယားပြေးလာသည်...။

"ကဲ ဦးသဝဏ်လွှာ ရေချိုးမယ်ဗျာ..."

"ရပါတယ် ရောင်ဖြာရယ်... မင်းတစ်စက်မှ မနားရသေးဘူးမလား?? ငါက ရပါတယ်... မောင် နားချင် နားလေ ... ။ ငါ ကိုယ့်ဘာသာ ချိုးလို့ ရတာပဲကို..."

ကျွန်တော်က ထိုသို့ ပြောလိုက်လေတော့ မျက်နှာက ချက်ချင်း ဆူပုတ်သွားပြီး ကျွန်တော့်ကို စိုက်ကြည့်လာသည်...။

"ဒီဆရာ... အတော်ကို ပြောရခက်သည်ပဲ... နွေ ၉... မိုး ၁၀... ဆောင်း ၁၁တဲ့... နွေဆို ကိုးနာရီ ချိုးတာက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပဲ... အခုတောင် မောင် နောက်ကျသွားလို့..."

"ဟုတ်ကဲ့... အခုပဲ ဒီဆရာ ချိုးလိုက်တော့မယ်နော်... မောင်က အိမ်ပေါ်ကနေ နားရင်းစောင့်နေလေနော်..."

ထိုစကား မောင်ကြားလေတော့ ချက်ချင်းဆိုသလို ကျွန်တော့်ရင်ခွင်ထဲ ပြေးဝင်လာသည်...။ ထို့နောက် အတော်အကြာလေး ပွေ့ဖက်ထားဆဲပင်...။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Donde viven las historias. Descúbrelo ahora