အပိုင်း (၁၅) : ရစ်ကောက်

20.5K 1.7K 91
                                    

*** ခင်ဗျားတို့ရဲ့ ဆရာလေးက
သိပ်ကို အေးချမ်းပြီး ခွင့်လွှတ်မယ်ထင်လား?
မှားလိမ့်မယ်...
ကျွန်တော်က ဂျစ်ကန်...
သူက ရစ်ကောက်...
ဒါပေမယ့် ချစ်စရာလေးမို့...။***

"မောင်က ငိုတတ်တဲ့ ကလေးတွေဆို မောင်က အသေမုန်းတာဗျ... အာ Sorry ကျွန်တော့်ရဲ့ ခင်ဗျားလေး မပါဘူး..."

******

At 10:02 AM...

{Zawgyi☘}

ဆရာလေးအတော်လေး နေမကောင်းပြီးသည့်နောက်၌ ဆရာလေးဆိုတာ အလိုလိုအချစ်ခံလေး ဖြစ်လာလေသည်။ တစ်နယ်လုံးလိုလို ဆရာလေးဆီ အလည်လာတတ်ကြသည်...။ ကျန်သော သူများမဟုတ် ကျောင်းမတတ်သေးသော ကျောင်းတတ်နေဆဲ ကလေးပိစိလေးများပင်...။ လာလည်သည့်ကလေးတွေက ဇိုးတွေချည်း...။ ကျွန်တော်တောင် တစ်ခါရိုက်ပြီးကတည်းက အတော်လေး နူးညံ့စွာ ထားခဲ့သော ထိုခန္ဓာကိုယ်ပေါ်တွင် လူးကာ လိမ့်ကာဖြင့်ပင်...။

ဆူဆူညံညံနဲ့ ကလေးငိုသံများ ဂျီကျသံများကို အလွန်တရာ မုန်းသည့်ကျွန်တော်က ဆရာလေးအဆင်ပြေပါစေတော့ အကြောင်းအရင်းတစ်ခုတည်းနဲ့ပင်... နားမပါသလို နေခဲ့သည်...။

ဆရာလေး ကျန်းမာရေးကြောင့် တစ်ပတ်ခွင့်တိုင်ထားသည်...။ထို့နောက် ဆရာတစ်ယောက်ရဲ့ ပီတိအပြည့်နဲ့ ဦးသဝဏ်လွှာကတော့ ကျောင်းမသွားရရင်ကို မနေနိုင်...။ ကျွန်တော်နဲ့ကွာလှသည်။ ကျွန်တော်ဆို ငယ်ငယ်ကတည်းက ဗိုက်အောင့်သည် နေမကောင်းသည် ဟူသော အကြောင်းပြချက်နဲ့ပင်... ကျောင်းဆိုတာ ကိုယ်နဲ့လားလားမျှ မဆိုင် ယူဆခဲ့သည်။

ကျောင်းပိတ်ရက်တိုင်းလိုလို ကလေးများက အဆတ်မပြတ် အိမ်ကို လာတတ်သည်။ ကလေးပျော်သည်လဲ မပြောနဲ့... ကျွန်တော့်အသည်းတုံးက ဝန်ဆောင်မှု အပြည့်အစုံနဲ့ကိုး...။ မုန့်ဝယ်ကျွေးသည်... ပုံပြင်ပြောသည်...။အခုဆိုလျှင် ကျွန်တော် တစ်ယောက်တည်း အိမ်မှုကိစ္စမှန်သမျှ ကုန်းလုပ်နေရပြီး သူဆိုသည်မှာ ကျွန်တော့်ကို အနည်းငယ်ကူ၍ သူ့ကလေးငယ်များအတွက် ပုံပြင်ပြော၍ပင် ကုန်ဆုံးခဲ့သည်...။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Tahanan ng mga kuwento. Tumuklas ngayon