အပိုင်း (၄) : ဗျူဟာ

18.3K 1.6K 50
                                    

{Zawgyi}

...ဗျူဟာ... ။

"တကယ်လို့သာ... ငါတိုဝေးခဲ့ရင်...

"ရှုး... ဆက်မပြောပါနဲ့... မောင်တို့အတွက်... တကယ်လို့သာ ဆိုရဲ့နောက်မှာ ကျွန်တော်နှစ်ယောက်ရဲ့ အနာဂတ်လှလှပဲ ရှိမှာ...."

*******

At 5:20 PM...

လအားဖြင့် နယုန်။ နေ့အားဖြင့် တနလာင်္နေ့ ...။

"ဂျစ်ကန်ရေ... ထတော့ကွာ.. အတင်းအိပ်နေတာရော... လယ်ထဲမသွားဘူးလား?"

ကျွန်တော်အတင်း သူ့ကို လှုပ်နိုးနေပေမယ့် သူကတော့ ကျွန်တော့်နူတ်ခမ်းပေါ်သို့ လက်ညှိုးတစ်ချောင်းတင်ပြီး တိုးတိုးနေဟူသော အသွင်နဲ့ပင်။ ထို့နောက် ချက်ချင်း သူ့လက်မဖြင့် ကျွန်တော့်နူတ်ခမ်းသားများကို တဖွဖွ ပွတ်သပ်ထိတွေ့နေသည်။ရိုးတန်းစွာ အိပ်နေရင် ကိစ္စမရှိ အခုဟာက အတော်လေးဆိုးသည်။ မိမိရင်ခွင်ထဲအား သူ့ခိုလှုံရာ အသိုက်အမြုံယူဆ၍ ခန္ဓာကိုယ်ကို ကွေးပြီး ကလေးတစ်ယောက်သဖွယ်ပင်။

"ရောင်ဖြာ... မထဘူးလား..? ငါက ကျောင်းကို စာသင်သွားရဦးမှာ. .... Assembly ရှိတယ်..။ စောစောသွားရမှာ dutyကျလို့...."

ထိုအခါမှ ကျွန်တော့်ရင်ခွင်ထဲမှ ထွက်ပြီး ကျွန်တော့်ကို ကျောပေးပြီး ဆန့်ကျင်ဘက်သို့။ ကျောပြင်ကျယ်ကျယ်က အမြဲတမ်း ကျွန်တော်ဖက်လိုက်တိုင်း မမှီတမှီနဲ့ပင်။ သူ့ခေါင်းထက်မှ ဆံစကြမ်းကြမ်းတို့က ရှုပ်ဖွာ၍။ တကယ်ကို ညှင်းသိုးသိုးနဲ့ပင်။ နူတ်ခမ်းမွှေးတို့ ရေးရေးဖြင့် ဆံပင်က ဘုတ်သိုက်။ နှာတံကစင်းစင်းနဲ့ပင်..... ဘုရားစူး သူသာ ကိုယ့်ယောကျာ်း မဖြစ်ခဲ့လျှင် လူမျိုးခြား ထင်မိမှာ သေချာပင်။ သို့သော် နူတ်ခမ်းသား ပါးပါးနဲ့ အသေဆွဲဆောင်မှု ရှိနေသည်က သူ့လူ ကျွန်တော်တောင် ခဏ ခဏ ကြည့်မ၀သည် ဖြစ်ရသည်။

"ကဲပါ.... နူးနပ်မနေနဲ့... ။ ထကွာ... ငါ သနပ်ခါး သွေးလိမ်းပေးမယ်။"

"မလိမ်းချင်ဘူးကွာ.... ။ မောင်အိပ်ပါရစေ ဆရာလေးရာ...။ မောင်... ကိုယ်လက်တွေ နာနေလို့...."

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now