အပိုင်း (၁၀): ဂါရဝ

15.6K 1.6K 57
                                    

... လူတွေက ကျွန်တော့်ဖြစ်တည်မှုက
ဘာလဲလို့ မေးရင်
ခင်ဗျားလို့ ဖြေပါ့မယ်..။
ထိုနည်းတူ ကျွန်တော် မွေးဖွားလာမှုကလဲ
ခင်ဗျားကြောင့်ပါပဲ...။

ကျွန်တော်က ခင်ဗျားကို ချစ်ဖို့ မွေးဖွားလာတာ..။

****

{Zawgyi♥}

At 10:02 AM....

ဒီနေ့သည် သတင်းကျွတ် လဆန်း ၁၄ရက်နေ့ပင်...။ ဆရာလေးသည်လဲ ကျောင်းပိတ်ထားသည်မို့ ကျွန်တော်တို့နှစ်ယောက် အိမ်မှာ အေးဆေးအနားယူရသော ကျွန်တော်၏ ကျေနပ်ပီတိ ဂွမ်းဆီထိသည့် ကာလပင်...။

"ဝါကျွတ်ပြီ... အချစ်ရယ်.. အသက်ရယ်.. သီတင်းကျွတ်ခဲ့ပြီကွယ်... သီတင်းကျွတ်ခဲ့ပြီကွယ်.. ဝါကျွတ်မီးပွဲ ကြည့်မယ် အတူတူကွယ်.."

အခါသမယရက်မို့ ရွာဦးကျောင်းမှ ကိုဗညားဟန်နဲ့ မစိမ့်နေခြည် သီချင်းက သာယာနာပျော်စွာ တစ်ရွာလုံးလွှမ်း၍...။

"ဆရာလေးသဝဏ်လွှာ... ဦးသဝဏ်လွှာ... မပြီးသေးဘူးလားဗျာ... အဝတ်လျှော်လို့... မောင်တို့ မြို့ကို ကန်တော့ဖို့ ပစ္စည်းတွေ ဝယ်ရအုံးမှာလေကွာ... နေပူရင် ခင်ဗျားက ငြီးက ငြီးနဲ့.. အဲ့ဒီ ကျန်တဲ့အဝတ်တွေ စိမ်ထားလိုက် ကျန်တာ ကျွန်တော် အပြန်မှ လျှော်လိုက်မယ်... သွားရအောင်ကွာ.. နော်"

ကျွန်တော်တို့နှစ်ယောက် မနက်အစောကြီးထ၍ ထမင်း၊ ဟင်း ချက်ပြုတ်ပြင်ဆင်ပြီး အိမ်ကို သန့်ရှင်းရေးလုပ်သည်..။ ထို့နောက် နှစ်ယောက်လုံး ပမ်းသွားတာကြောင့် အတူတူ ရေချိုးသန့်စင်မို့ စိတ်ကူးရသည်...။ ကျွန်တော်က အဝတ်လျှော်စရာတွေ ရှိနေတာမို့ သူ့ကို အရင်ချိုးစေပြီး ကျွန်တော်ကတော့ နောက်မှချိုးဖို့ ပြင်ရတော့သည်....။

နှစ်ယောက်လုံး မြို့ကို သွားဖို့လဲ စိတ်ကူးရှိနေတာကြောင့် သူကတော့ အိမ်ပေါ်ကနေ အဝတ်အစားလဲပြီး ကျွန်တော့်ကို အားကုန် သိမ်းကျုံးခေါ်နေသည်..။ ကျွန်တော်လဲ လျှော်လက်စ အဝတ်များကို ဘေးမှ စိမ်ထားလိုက်ပြီး ရေချိုးဖို့ ပြင်လိုက်သည်...။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now