part-37(ကိုယ့်ကိုရွေးချယ်ပါ)(ကိုယ့်ကိုရွေးချယ်ပါ)

2.1K 175 9
                                    

Yi:geကနမ်ရှန်းနဲ့အတူရှိနေတာပဲ တောင်းပန်ပါတယ် အကြာကြီးစောင့်လိုက်ရလား

ထိုင်နေရာကနေအရင်ထလာပြီးမာဖလာလာပတ်ပေးတဲ့လူကxiao zhan ပါပဲ

Xz:မကြာပါဘူးသည်းငယ် အတွက်ဆိုဒီလောက်စောင့်ရတာကဘာမှမဟုတ်ဘူး

ခေါင်းလေးကိုအသာငုံ့လိုက်ရင်းပြုံးလိုက်တဲ့yiboဟာ တကယ့်ကိုမြတ်နိုးစရာလေးလေ

Yi:အာ...နမ်ရှန်း ညစာလိုက်စားမလား အားရီကစောင့်နေမယ်ထင်တယ်

Nam:နေပါစေ ...အားရီကိုကျေးဇူးတင်တယ်လို့ပဲပြောပေး

Yi:အင်း
ခေါင်းလေးညိတ်ပြရင်းစက်ဘီးတွန်းကာထွက်သွားပြီဖြစ်တဲ့ Xiao zhanဘေးကိုကပ်လျက်သားလိုက်ပါသွားတဲ့yiboကကြောင်ပေါက်လေးလိုပဲ

ခလုတ်တစ်ချက်အတိုက်မှာယိုင်သွားတဲ့ကိုယ်လေးကိုစက်ဘီးမတွန်းဖြစ်တဲ့လက်တစ်ဖက်နဲ့အမှ်ီထိန်းလိုက်တဲ့XIAO zhan ကလဲအရိပ်တကြည့်ကြည့်နဲ့မသိမသာရောသိသိသာသာပါစောင့်ကြည့်နေတဲ့လူပါပဲ
တကယ်လို့သူသာ လက်လျှော့မယ်ဆိုလည်း လက်လျှော့ပျော်တယ်လို့သူခံစားရတယ်

Yi:ဒီနေ့စက်ဘီးမစီးချင်ဘူး

Xz:သည်းငယ် ပင်ပန်းလိမ့်မယ်

Yi:ရပါတယ် ဒီတိုင်း ကိုကိုနဲ့အတူရှိတဲ့အချိန်ကိုစွဲဆန့်ထားချင်လို့...

Xz:......

Yi:....

Xz:သည်းငယ်?

Yi: ဗျာ

နေရာမှာတင်တွေတွေကြီးရပ်ကျန်ခဲ့တဲ့geကသူ့ကိုမေးလာတာကြောင့် စိတ်ပူသွားရသည်

Yi:ဟိုလေ မကြိုက်ရင်လဲ တောင်းပန်ပါတယ်ကျွန်တော်မှားသွားတယ်

မချင့်မရဲမျက်ဝန်းတွေထဲကစိုးထိတ်ဝမ်းနည်းမှုတွေလွင့်စင်သွားနိုင်လောက်တဲ့အထိ သူခေါင်းရမ်းပြမိတယ်

Xz:ကြိုက်တယ် အရမ်း.....အရမ်းသဘောကျတယ်
နောက်တစ်ခေါက်လောက်ထပ်ခေါ်ပေးပါလား

Yi:ကို...ကို

Xz:နောက်၂ခေါက်လောက်

Yi:ကိုကို  ကိုကို

Xz:၃ခေါက်လောက်

Yi: ကိုကို ကိုကို ကိုကို

WORDS🍀💚(complete)Where stories live. Discover now