Part-39(final)

4.4K 244 19
                                    

လက်ထပ်ပြီးတော့ သူတို့ Xiao zhanရဲ့မွေးရပ်မြေကိုပြန်နေဖြစ်တယ်...
ရောဂါအရှင်းမပျောက်သေးတဲ့သည်းငယ်ကိုခနခန ဆေးလာပြရသလိုမျိုး
Shareအများဆုံးဖြစ်နေပေမယ့်အရေးပါအရာရောက်တဲ့ပွဲမျိုးတွေဆိုခနခနတက်ပေးရတဲ့ ကိုကိုကြောင့်ရော သူတို့ဟာ မွေးရပ်မြေမှာဖင်မြဲအောင်မနေဖြစ်ပဲ ကူးကလန်ခတ်နေကြတာများတယ်

ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ သည်းငယ်ဟာ ကိုကိုသု့အတွက်ဖန်တီးပေးထားပါတယ်ဆိုတဲ့ အိမ်လေးမှာပဲပြန်အိပ်တတ်သလို  Xiao zhanတစ်ယောက်ကလည်းမငြီးမငြူပဲ အမြဲအိမ်ပြန်ရောက်အောင်ပြန်ပို့နေကျ

ပိတ်ရက်တွေမှာ မုန့်လုပ်စားဖြစ်ကြပေမယ့် သည်းငယ်ကအများကြီးမစားနိုင်ဘူး
ခေါင်းအုံးကိုရင်ခွင်ထဲထည့်ထားရင်းsofaမှာထိုင်လို့ အပြင်ကိုငြိမ်ငြိမ်လေးငေးနေတာကိုတော့အမြဲမပြတ်လုပ်တတ်တယ်
Laptopကိုပေါင်ပေါ်တင်လို့ အက်ဒီကောင်လေးရဲ့ပုံရိပ်တွေကိုထိုင်ထိုင်ဆွဲရတာလဲ Xiao zhanရဲ့ပိတ်ရက်တိုင်းပုံမှန်လုပ်ဖြစ်တဲ့အလုပ်တစ်ခုပါပဲ

Xz:သည်းငယ် ....

Yi:ဗျာ

သူ့အခေါ်ကိုကောင်လေးကခေါင်းလေးပဲစောင်းရင်းထူးတယ်

Xz:ချစ်တယ်

Yi:ကျွန်တော်လဲချစ်တယ်

တစ်ယောက်နဲ့တစ်ယောက်ပြုံးရင်း အကြာကြီးငေးဖြစ်တယ်
ရန်လဲမဖြစ်ကြသလိုမျိုးစကားလဲတစ်ခါမှအချေအတင်မဖြစ်တော့တဲ့ သူတို့ကို ချင်းချင်းကတော့ငြီးငွေ့ဖို့ကောင်းတဲ့ coupleလို့ပြောတိုင်း သည်းငယ်ကစိုးရိမ်တဲ့မျက်ဝန်းလေးတွေနဲ့သူ့ကိုငေးတတ်တယ်

"ကျွန်တော် ကိုကိုနဲ့ရန်မဖြစ်နိုင်ဘူး'

ခေါင်းလေးကိုငုံ့ရင်းသည်းငယ်ကတီးတိုးလေးပြောဖူးတယ်

"ကိုကို့ရဲ့ဘယ်စကားကိုမှကျွန်တော်ကဆန့်ကျင်မှာမဟုတ်ဘူး....ကိုကိုကျွန်တော့်ကြောင့်စိတ်ရှုပ်မှာကိုကျွန်တော်အကြောက်ဆုံးပဲ"

လက်သည်းထိပ်လေးတွေကိုအချင်းချင်းဆိတ်ရင်းဆက်ပြောတယ်

"ကျွန်တော်ကငြီးငွေ့ဖို့ကောင်းလားဟင်"

အက်လိုပြောလိုက်တုန်းကဆိုရင် သူသည်းငယ်အပေါ်စိတ်မကောင်းဖြစ်လွန်းလို့မျက်ရည်တောင်ကျမိတယ်
သူ့ရဲ့သည်းငယ်ဟာ သူ့ထက်ကိုပိုချစ်နိုင်တဲ့အေးစက်စက်ကောင်လေးဆိုတာကိုတစ်နေ့ထက်တစ်နေ့ ယုံကြည်လာစေတယ်

WORDS🍀💚(complete)Where stories live. Discover now