Part-32(အထီးကျန်ဆုံးကောင်လေး)(အထီးကျန်ဆုံးကောင်လေး)

2.1K 217 6
                                    

သူ့အခန်းထဲကိုနေရောင်မဝင်တာဘယ်လောက်အချိန်ကြာပြီလဲသူသတိမထားမိတော့ဘူး ....
အနုပညာသမားမို့အနုပညာနည်းလမ်းကျကျအသည်းကွဲတယ်ပဲပြောရမလား အခန်းထဲမှာပုံတူပန်းချီလေးတွေ....တစ်စုံတစ်ယောက်ကိုရည်စူးထားတဲ့သချင်းတွေ သံစဉ်တွေနဲ့ပွစာကြဲနေတယ်
အရက်သောက်ရင် ငိုနေတဲ့မျက်ဝန်းလေးတွေနဲ့ငေးနေတဲ့ကောင်လေးကြောင့် သူဟာ ဝေဒနာကိုအရက်နဲ့မမျောချခဲ့ပါဘူး
ဒါပေမယ့် စီးကရက်အရေတွက်တွေပိုများလာတာပေါ့

စုတ်ချက်တစ်ချက်ကိုအဆုံးသတ်လိုက်ချိန်မှာ ဖုန်းအသံထပ်ထွက်လာတယ် ဒီလိုမရပ်မနား ဖုန်းလာနေတာ လွန်ခဲ့တဲ့တစ်ပတ်ထဲကပဲ
သူလဲကိုင်ဖို့မစဉ်းးစားဖူး ဖုန်းခေါ်သူကလဲမကိုင်မချုင်းရပ်ဖို့ကြိုးစားမယ့်ပုံမပေါ်ပါဘူး
စုတ်တံနောက်တစ်ချက်အဆုံးမှာ ပန်းချီထဲကကောင်လေးဟာပြုံးပြုံးလေးဖြစ်လို့သွားတယ်

Xz:အဟင်း လှလိုက်တာသည်းငယ်

စုတ်တံကိုရေပုံးထဲပြီးစလွယ်ပစ်ထည့်လိုက်ပြီး ပုံလေးကိုတော့တယုတယနဲ့ကိုင်လိုက်တယ်
Phoneကနောက်တစ်ကြိမ်ထပ်ဝင်လာတယ်
ဒါပေမယ့် သူဒီတစ်ခေါက်လဲကိုင်နိုင်မှာမဟုတ်ဘူး
သည်းငယ်ပုံလေးကိုနေရာတကျထားရဦးမှာ...
စိတ်ပျက်သလို phone ကိုတစ်ချက်ကြည့်ရင်းခေါင်းခါမိတယ်

ယာယာ ...
ထပ်ပြီးဘာပြသနာတွေယူဆောင်လာဦးမှာလဲ

✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨

ဒီလူကခေါင်းမာတယ်
ယာယာလဲခေါင်းမာတာပဲ
ကိုကိုးရဲ့စိတ်ပျက်သလိုအကြည့်တွေနဲ့စရင်ဆိုင်လိုင်ရထဲကယာယာသဘောပေါက်ထားပြီးသားပဲ
ဒီလူဟာဒီရက်ပိုင်းအရမ်းအလုပ်ရှုပ်နေတာတဲ့ yubin geကပြောတယ်
Phမကိုင်တော့လဲလူရောက်အောင်သွားရဖို့အပြင်တစ်ခြားနည်းလမ်းမရှိတော့ဘူး

တံခါးကဘဲလ်ကိုနှိပ်တော့ တော်တော်ကြာတဲ့ထိထွက်မလာသေးဘူး
နည်းနည်းကြာတော့မှတံခါးအနည်းငယ်ဟလာတယ်
သဘောကတော့ကိုယ့်ဟာကို တွန်းဖွင့်ပြီးဝင်လာခဲ့ပေါ့

Yar:ကိုကိုးအလုပ်အရမ်း....

စကားတွေကလည်ချောင်းဝမှာတစ်သွားခဲ့ပါတယ်
နာကျင်လွန်းလို့လေ
အိမ်ထဲမှာနံရံအပြည့်ပုံတူပန်းချီကားတွေကနေရာယူတယ်
ကြမ်းခင်းပေါ်မှာတော့ သီချင်းစာရွက်တွေကနေရာယူတယ်
ခပ်မှိုင်းမှိုင်းနဲ့ ကိုကိုးက သူ့ကိုတောင်လှည့်မကြည့်ပါပဲ ထိုအမြင်ကတ်စရာ ကောင်လေးပုံကိုနေရာတကျဂရုစိုက်ပြီးကပ်နေတယ်

WORDS🍀💚(complete)Where stories live. Discover now